DVB Logo
Home
မြန်မာသတင်း
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးများ သေဆုံးနေရမှု ရပ်တန့်ရေး NUG ဝန်ကြီး တောင်းဆို 
DVB
·
November 21, 2024
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးများ သေဆုံးနေရမှု ရပ်တန့်ရေး NUG ဝန်ကြီး တောင်းဆို 
1 / 5
Donate to DVB

စစ်ကောင်စီရဲ့ လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးတွေ သေဆုံးနေရမှုကို ရပ်တန့်အောင်လုပ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး  နော်စူစန်နာလှလှစိုးက နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့အတွက် NUG အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက DVB ကတဆင့် သတင်းစကားပါးတောင်းဆိုလိုက်တာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးတွေ သေဆုံးနေရမှုကို ရပ်တန့်ဖို့၊ စစ်ကောင်စီကို လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ဖို့၊ အာဏာသိမ်းပြီးကတည်းက စစ်ရှောင်နေရတဲ့ ကလေးငယ်တွေ ကာကွယ်ဆေးထိုးနိုင်ဖိုအတွက် နိုင်ငံတကာက အကူအညီပေးဖို့ NUG ဝန်ကြီးကတောင်းဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီရဲ့ လိင်အကြမ်းဖက်မှုတွေမှာ ကလေးငယ်တွေအပေါ် ကျူးလွန်မှုတွေလည်း ရှိနေတာကြောင့် လိင်အကြမ်းဖက်မှု ရပ်တန့်ဖို့နဲ့ ကလေးတွေ ပုံမှန်ကြီးပြင်းဖို့ ကျန်းမာရေး၊ ပညာရေးတွေ ဖွံ့ဖြိုးဖို့ လိုအပ်တာကြောင့် ကူညီထောက်ပံ့မှုတွေ အရေးပေါ် လိုအပ်နေကြောင်းလည်း  နော်စူစန်နာလှလှစိုးက  ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ကလေးသူငယ် အခွင့်အရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ဖြေဆိုခြင်းနဲ့ ပန်းချီပြိုင်ပွဲတွေကို အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကိုတော့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းက ကျောင်းသူကျောင်းသား၊ ကလေးသူငယ်များ၊ ကျောင်းတာဝန်ခံ CDM ဆရာ၊ ဆရာမတွေ၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးနဲ့ ပညာရေး တာဝန်ရှိသူတွေ ပါဝင်ဆင်နွှဲခဲ့ကြတာပါ။

ကလေးသူငယ် မေးခွန်းများဖြေဆိုပြိုင်ပွဲမှာ ဆုရရှိခဲ့ကြတဲ့ ကလေးသူငယ် အယောက် ၅၀ ကို ကျပ်ငွေ ၆၀၀၀၀၊ ပန်းချီပြိုင်ပွဲမှာ ဆုရရှိသူတွေကို ပထမဆု ကျပ်ငွေ ၃၀၀၀၀ ၊ ဒုတိယဆု ကျပ်ငွေ ၂၀၀၀၀ နဲ့ တတိယဆု ကျပ် ၁၀၀၀၀ တို့ကို ဆုချီးမြှင့်ခဲ့ပြီး ဆုမရရှိခဲ့တဲ့ ပန်းချီပြိုင်ပွဲဝင် ကလေး အယောက် ၂၀၀ ကျော်ကို ဗလာစာအုပ်တစ်အုပ်စီနဲ့ ဘောပင်တစ်ချောင်းစီ ဆုချီးမြှင့်ခဲ့ ပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013