DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးကို ကူညီပေးရန် ယူကေပါလီမန်ကို NUG ဝန်ကြီး တိုက်တွန်း
DVB
·
February 3, 2023
မြန်မာပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးကို ကူညီပေးရန် ယူကေပါလီမန်ကို NUG ဝန်ကြီး တိုက်တွန်း
Donate to DVB

အကြမ်းဖက်စစ်အုပ်စုကြောင့် အတိဒုက္ခရောက်နေကြရတဲ့ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေးတို့အတွက် လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေပေးဖို့ ယူကေပါလီမန်ကို  NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ယူကေနိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ယူကေပါလီမန်မှာ All Parties Parliamentary Group (APPG) က ဦးစီးကျင်းပတဲ့ အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက မြန်မာ့အရေးနဲ့ စပ်လျဉ်းပြီး တက်ရောက် ဆွေးနွေးပြောကြားခဲ့တာလို့ သူ့ရဲ့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက လက်ရှိမြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ အရှိန်အဟုန်နဲ့ စဉ်ဆက်မပြတ် ကျူးလွန်နေကြကြောင်းနဲ့၊ အကြမ်းဖက်စစ်အုပ်စုကြောင့် အတိဒုက္ခရောက်နေကြရရှာတဲ့ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေးတို့အတွက်  လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေကို အင်္ဂလန်နိုင်ငံနဲ့ နိုင်ငံတကာက အချိတ်အဆက်မိမိ ဆောင်ရွက်သွားစေဖို့ တိုက်တွန်းဆွေးနွေးပြောဆိုခဲ့တာပါ။ 

ဒီအစည်းအဝေးမှာ စစ်ဘေးသင့် မြန်မာပြည်သူတွေ လတ်တလောကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ကယ်ဆယ်နိုင်ရေး၊ တော်လှန်ရေးအလွန်ကာလမှာ လိုအပ်မယ့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုခံရသူတွေကို ပြန်လည်ကုစားပေးရေးလုပ်ငန်းစတာတွေကို ရင်းနှီးနွေးထွေးစွာ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြတယ်လို့ဆိုပါတယ်။

ဒီအစည်းအဝေးကို All-Party Parliamentary Group (APPG) on Global Health ရဲ့ပူးတွဲ ဥက္ကဋ္ဌ လော့စ်နီဂျဲလ်ခရစ်ပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်အမတ်တွေ၊ လူ့အခွင့်အရေးစောင့်ရှောက်မှုနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆောင်ရွက်မှုအဖွဲ့တွေက တာဝန်ရှိပုဂ္ဂိုလ်တွေ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုးဟာ  ဖေဖော်ဝါရီလ ၁ ရက်က လန်ဒန်မြို့မှာ ကျင်းပတဲ့ မြန်မာ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် ဆန္ဒပြပွဲမှာလည်း ယူကေရှိ မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေနဲ့အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။

PHOTO-NUG

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013