DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် လူငယ် ၁၀ ဦးကို စစ်မှုထမ်းရန် အဓမ္မဖမ်းဆီး
DVB
·
November 20, 2024
မော်လမြိုင်ကျွန်းတွင် လူငယ် ၁၀ ဦးကို စစ်မှုထမ်းရန် အဓမ္မဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နုံကျွံကျေးရွာမှာ စစ်မှုထမ်း အပတ်စဉ် ၈ အတွက် ဆိုပြီး စစ်ကောင်စီတပ်က လူငယ် ၁၀ ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်က ၁၉ ရက်အထိ မော်လမြိုင်ကျွန်းမြို့နယ်၊ နုံကျွံကျေးရွာအုပ်စုက လူငယ် ၁၀ ယောက်ကို စစ်ကောင်စီတပ်နဲ့ နုံကျွံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေ ပေါင်းပြီး စစ်မှုထမ်း အပတ်စဉ် ၈ အတွက်ဆိုပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အုပ်ချုပ်ရေးမှူး ဇော်လင်းမောင်၊ ရာအိမ်မှူး မြင့်ဇော်နဲ့ ရာအိမ်မှူးသား မျိုးမင်းထွန်း၊ ရပ်ရွာတာဝန်ခံ ကျော်တိုးတို့က စစ်တပ်နဲ့ပူးပေါင်းပြီးတော့ စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ် ၁၀ ယောက်ကို ဖမ်းဆီးခေါ်ထားတာ။ စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို အတင်းကို လိုက်ဖမ်းနေတာ” လို့ ပြောပါတယ်။

စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ခံရတဲ့ လူငယ်တွေဟာ အသက် ၁၇ နှစ်နဲ့ ၂၀ အရွယ်တွေဖြစ်ပြီး စစ်မှုမထမ်းလိုတဲ့အတွက် စစ်ကောင်စီတပ်နဲ့မြို့နယ်ရုံးကို ငွေကောက်ပေးထားတဲ့ ကျေးရွာတွေအတွက် အစားထိုးဖို့ ဖမ်းခေါ်ထားတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်ကလည်း ဧရာဝတီတိုင်း၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၊ ပုဂံပုံကျေးရွာက အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်ကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖမ်းခေါ်သွားခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မော်လမြိုင်ကျွန်း အပါအဝင် ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့အတွက် အသက်မမီသေးတဲ့ လူငယ်တွေ အပါအဝင် အရပ်သားတွေကို ထွေအုပ်၊ လဝက၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပူးပေါင်းပြီး လက်နက်ကိုင် စစ်ကောင်စီတပ်ကို အတင်း ဖိအားပေး ခေါ်ယူခိုင်းနေတာလို့ နီးစပ်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ စစ်မှုထမ်း အမှတ်စဉ် ၅ မှာလည်း စစ်ကောင်စီက မော်လမြိုင်ကျွန်းမြို့နယ် တခုတည်း အရပ်သား ၁၀၀ ကျော်ကို စစ်မှုမထမ်းပါက မိသားစု၊ ညီအစ်ကို မောင်နှမ၊ သားသမီးတွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ကာ ခေါ်ယူပြီး ပုသိမ်တိုင်းအဆင့် စစ်သင်တန်းကျောင်းကို ပို့ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013