DVB Logo
Home
မြန်မာသတင်း
ဆီမှောင်ခိုကိစ္စ ရန်ဖြစ်ခဲ့သည့် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးတို့  စစ်ဆေးခံရ
DVB
·
November 20, 2024
ဆီမှောင်ခိုကိစ္စ ရန်ဖြစ်ခဲ့သည့် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးတို့  စစ်ဆေးခံရ
Donate to DVB

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီးဇော်မင်းထိုက်နဲ့ ဗိုလ်မှူး ကိုကိုဦးတို့ ၂ ယောက် ဆီမှောင်ခိုကိစ္စနဲ့ စကားများ ရန်ဖြစ်ပြီး စုံခုံစစ်ခံနေရတယ်လို့ ရလခနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နဲ့ ကျေးသီးမြို့နယ်မှာ တာဝန်ကျနေတဲ့ ဒုဗိုလ်မှူးကြီးဇော်မင်းထိုက်နဲ့ ဗိုလ်မှူးကိုကိုဦးတို့ ၂ ယောက်ဟာ နိုဝင်ဘာ ၁၇ ရက် မနက်က  ဆီမှောင်ခိုကားတွေ ငွေတောင်းတဲ့ကိစ္စနဲ့ ရန်ဖြစ်ခဲ့တာလို့ ရလခနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ဒုဗိုလ်မှူးကြီး ဇော်မင်းထိုက်ဆီမှာ လိုင်းဝင်ထားတဲ့ ဆီမှောင်ခိုသမားတွေကို ဗိုလ်မှူးကိုကိုဦးက ဖမ်းလို့ မိုင်းရှူးမှာရှိတဲ့ ဆီမှောင်ခိုသမားတွေကို ဗိုလ်မှူးကြီးဇော်မင်းထိုက်က ဝင်ဖမ်းတာ၊ ထိုးကြကြိတ်ကြတဲ့အဆင့်ထိဖြစ်ပြီး စုံခုံအစစ်ခံနေရတာ။”

မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နဲ့ ကျေးသီးမြို့မှာ တာဝန်ကျတဲ့ ဗျူဟာမှူးအဖွဲ့တွေဟာ  ဆီဘောက်ဆာကားတွေနဲ့ ဆီမှောင်ခိုကားတွေကို သိန်း ၃၀ မှ သိန်း ၅၀ အထိ တောင်းယူနေတာ အချိန်ကာလ ကြာမြင့်နေပြီလို့ လုပ်ငန်းရှင်တယောက်က DVB ကို ပြောပါတယ်။

“ဖြစ်မယ်ဆိုတာ သိသားပဲ၊ တော်ရုံအဆင့်နဲ့ သွားမစစ်နဲ့၊ အကုန်လုံးက ဗျူဟာမှူးလက်မှတ်တွေ၊ ထောက်ခံစာတွေနဲ့ချည်းပဲ။ စားခွက်လုရင်း ရန်ဖြစ်လို့ အစစ်ခံနေရတာ။”

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေနဲ့ ဒုဗိုလ်မှူးကြီးဇော်မင်းထိုက်ကို အမှတ် ၁ လှုပ်ရှားစစ်ဗျူဟာအဖွဲ့မှာ ယာယီဗျူဟာမှူးအဖြစ် ခန့်ထားပြီး ကျေးသီးမြို့နယ်မှာ တာဝန်ပေးထားကာ မိုင်းရှူးမြို့နယ် အမှတ် ၁ လှုပ်ရှားစစ်ဗျူဟာအဖွဲ့မှာ ဗိုလ်မှူးကိုကိုဦး ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013