DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲအတွက် စိတ်ရှည်ကြရန် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ယူနွတ် တိုက်တွန်း
DVB
·
November 18, 2024
ရွေးကောက်ပွဲအတွက် စိတ်ရှည်ကြရန် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ယူနွတ် တိုက်တွန်း
Donate to DVB

ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲမှုတွေ ပြီးစီးတာနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် လမ်းပြမြေပုံတရပ် ထုတ်ပြန်မှာဖြစ်တဲ့အတွက် ပြည်သူတွေ စိတ်ရှည်ကြဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်က ရက် ၁၀၀ ပြည့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အသက် ၈၄ နှစ်အရွယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ယူနွတ်ဟာ ဩဂုတ် ၉ ရက်မှာ ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ နိုင်ငံတော်အကြံပေးအရာရှိချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ စောနိုင်သမျှ စောစောကျင်းပပေးဖို့အတွက် ကြားဖြတ်အစိုးရအနေနဲ့ ရှင်းလင်းတဲ့ အစီအစဉ်တရပ် ချပြဖို့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)  အပါအဝင် နိုင်ငံရေးပါတီတွေက တောင်းဆိုနေကြချိန်မှာ ယူနွတ်က ခုလိုပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲကော်မရှင်ကို ရက်ပိုင်းအတွင်း ဖွဲ့စည်းသွားမယ်လို့ ပြောခဲ့ပေမဲ့ ရွေးကောက်ပွဲအချိန်ဇယား မပြောနိုင်ခဲ့ဘဲ ရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြီးစီးမှုအပေါ်မှာ မူတည်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်သမိုင်းမှာ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ပြုတ်ကျစေခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူ ၁,၅၀၀ သေဆုံးခဲ့ပြီး ဟာဆီနာ လက်ထက်အတွင်း လူ ၃,၅၀၀ လောက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်းလည်း ယူနွတ်က ပြောပါတယ်။

ခံစားခဲ့ရသူတွေအတွက် တရားမျှတမှု ယူဆောင်ပေးဖို့လည်း ယူနွတ်က ကတိပေးခဲ့ပြီး အဲဒီလို ပျောက်ဆုံးမှုတွေ၊ သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ တရားရုံးတွေအထိ တင်နိုင်ဖို့ အစိုးရက စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

အစိုးရရာထူးနေရာခွဲတမ်းကိစ္စ မကျေနပ်ရာက စခဲ့တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲဟာ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အသေအပျောက်အများဆုံး မငြိမ်သက်မှု ဖြစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဘက်ဟာ စစ်တပ်က သူ့ဘက် မရပ်တည်တော့ချိန်မှာ အိန္ဒိယကို ထွက်ပြေးခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ယူနွတ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရအပေါ် လူထုထောက်ခံမှု အားကောင်းနေပေမဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ရာမှာသာ အဆင်မပြေဖြစ်ခဲ့ရင် တိုးတက်မှုနည်းနည်းလေးနဲ့ ရွေးကောက်ပွဲ စောကျင်းပပေးလိုက်ရတာမျိုး ဖြစ်နိုင်သလို အဆိုးဆုံး အာဏာသိမ်းတာအထိ ဖြစ်လာနိုင်တယ်လို့ Crisis Group က အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013