DVB Logo
Home
မြန်မာသတင်း
ရာ့ချ်ပူရီတွင် မြန်မာ ၂ ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သူ ၃ ဦးကို ဖမ်းဆီးရမိ 
DVB
·
November 16, 2024
ရာ့ချ်ပူရီတွင် မြန်မာ ၂ ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သူ ၃ ဦးကို ဖမ်းဆီးရမိ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ရာ့ချ်ပူရီခရိုင် ဆွန်ဖိန့်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်မနက်က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အောင်ဆန်းဝင်း နဲ့ ဇော်ဇော် ဆိုသူ  မြန်မာ ၂ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီးတဲ့နောက် ထိုင်းရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ တရားခံ ၃ ဦးကို ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံသားအချင်းချင်းပဲလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီဖြစ်စဉ်မှာ နောက်ထပ်အသက်ဘေးကနေ လွတ်မြောက်သွားတဲ့ အာကာဦးဆိုသူ တ ဦးရှိသေးတယ်၊ သူဟာ ကားပေါ်ကနေ ကန်ထုတ်ခံရပြီး လမ်းဘေးရှိလျှိုထဲ လိမ့်ကျသွားတယ်၊ အသက်ဘေးအန္တရာယ်ကလွတ်မြောက်တဲ့နောက် ရွာသူကြီးထံအကြောင်းကြားပြီး တာဝန်ရှိသူထံ ဖြစ်ကြောင်းကုန်စင်တွေ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင်က စမွတ်စခွန်းခရိုင် မဟာချိုင်ရှိ  အောင်ဆန်းဝင်း နဲ့ ဇော်ဇော်တိုထံကို တရားခံက ရာ့ချ်ပူရီကို ပစ္စည်းသယ်ဖို့ ကား ၂ စီးစင်းလုံးငှါးလိုကြောင်းဆက်သွယ်ခဲ့တယ်၊ စရန်ငွေအဖြစ် ဘတ် ၁၀၀၀ တကြိမ်၊ ဘတ် ၄၀၀၀ တကြိမ် ပေါင်း ၂ ကြိမ်လွှဲပေးခဲ့တယ်၊ သူ့ကိုတော့ ဇော်ဇော်က အဖော်အဖြစ်လိုက်ဖို့ ခေါ်လာတာလို့ အာကာဦးက ပြောပါတယ်။ 

သူတို့ဟာ အပြာရင့်ရောင်ဟိုင်းလပ်စ်ကားတစီး၊  မီးခိုးရောင် ဟိုင်းလပ်စ်ကားတစီးနဲ့  နိုဝင်ဘာ ၁၃ ည ၈ နာရီခွဲလောက်မှာ မဟာချိုင်က ထွက်ခွာလာတယ်၊ အောင်ဆန်းဝင်းနဲ့ ဇော်ဇော်က တရားခံ တယောက်နဲ့အတူ ကားတစီး၊ အာကာဦးက နောက်ထပ်တရားခံ ၂ ယောက်နဲ့ တစီး လိုက်ပါလာတယ်၊ ညဉ့်သန်းခေါင်ကျော် ရာ့ချ်ပူရီရှိ အခင်းဖြစ်တဲ့နေရာရောက်တော့ ကားမောင်းနေတဲ့ အာကာဦးက သေနတ်သံကြားလို့ တုံ့ကနဲ ရပ်လိုက်တယ်၊ ကားပေါ်ပါလာတဲ့ တရား ခံ ၂ ယောက်က သူ့လည်ပင်းကို ဓားနဲ့ထောက်ပြီး ဓားပြတိုက်တယ်၊ သူ့ဖုန်းထဲက ဘဏ်အပလီကေးရှင်းကနေ ဘတ်ငွေ ၁၀၀၀၀ လွှဲယူတယ၊ ပြီးတော့ အလေးချိန် ၃ ကျပ်သား နီးပါးရှိ သူ့ဆွဲကြိုးလို လုယူတယ်။ သူ့ဖုန်းကိုလည်း သိမ်းယူလိုက်ပြီး နောက်မလှည့်နဲ့လို့ပြောတယ်၊ ပြီးတော့ ကားပေါ်ကနေ ကန်ချတယ်၊ သူလည်း ကားလမ်းဘေးရှိ ချောက်ထဲလိမ့်ကျသွားတယ်၊ သတိရတာနဲ့ ရွာဘုန်းကြီးကျောင်းဆီပြေးသွားပြီး အဲဒီမှာအိပ်တယ်၊ မနက်ရောက်တော့ သူကြီးနဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက လမ်းပေါ်က စီစီကင်မရာတွေ စစ်ဆေးရာမှာ အာကာဦးပြောပြတဲ့ ကားပုံစံ ၂ စီးဟာ တာ့ခ်ခရိုင်ဘက်ကို မောင်းနှင်သွားတယ်၊ နိုဝင်ဘာ ၁၅ ညနေပိုင်းမှာ အဆိုပါကား ၂ စီးကို မဲဆောက်မြို့နယ် မယ်လမော့အုပ်စု ရပ်ကွက် ၂ ရှိ ဘန့်ဟွေ့ယအု စစ်ဆေးရေးဂိတ်ကနေ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

အဆိုပါကား ၂ စီးကနေ နေလင်းထူး (၂၆ နှစ်) ၊ မာရစ် (၃၉ နှစ်) နဲ့ နေမျိုးအောင် (၂၉ နှစ) တို့ကို ဖမ်းဆီးရမိတယ်၊ သူတို့ကတော့ သေနတ်ပစ်ခံရသူတွေနဲ့ မသိဘူးလို့ ငြင်းဆိုနေပါတယ်။ သူတို့ဖာသူတို့ မဲဆောက်လာလည်တာ၊ အခြားဘာကိစ္စမှ မရှိဘူးလို့ ပြောပေမဲ့ ရဲတပ်ဖွဲ့ကတော့ သူတို့ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

ကိုးကား - ထိုင်းရတ် /  Amarin TV / CH7 TV News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013