DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာများ တင်ဆောင်လာသည့်ကား ဓာတ်တိုင်ဝင်တိုက်ပြီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
June 25, 2026
Photo: Kanchanaburi News
Photo: Kanchanaburi News
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ရာ့ချ်ပူရီခရိုင်ထဲမှာ တရားမဝင်မြန်မာနိုင်ငံသား ၁၇ ယောက်ကို တင်ဆောင်လာတဲ့ ကားတစီး လမ်းဘေးဓာတ်မီးတိုင်ကို ဝင်တိုက်ပြီး တိမ်းမှောက်သွားတာမှာ အမျိုးသမီး ၁ ယောက် သေဆုံးပြီး၊  ၂ ယောက် ပြင်းထန်စွာ ဒဏ်ရာရသွားတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ရာ့ချ်ပူရီခရိုင်၊ ထာ့ယန်းမြို့၊ ဖစ်ချ်ကဆဲမ်လမ်းမကြီးပေါ်မှာ ဇွန် ၂၃ ရက် ည ၁၀ နာ ရီ လောက်က ကားတစီး ဓာတ်တိုင်နဲ့ ဝင်တိုက်ပြီး တိမ်းမှောက်သွားတယ်လို့  သတင်းရလို့ အရေးပေါ်လူနာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ထာ့ယန်းနယ်မြေရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ အဖြူရောင်ဟိုင်းလပ်စ်ကားတစီး ပက်လက်အနေအထားနဲ့ တိမ်းမှောက် နေပြီး အနီးကဓာတ်မီးတိုင်လည်း ကျိုးကျနေတယ်၊ ကားအောက်မှာ အမျိုးသမီးတယောက် ညှပ်မိနေလို့ ကယ်ဆယ်ရေးအဖွဲ့က သံဖြတ်လွှတွေနဲ့ ကားဘော်ဒီကို ဖျက်ဆီးပြီး ခဲယဉ်းစွာ ဆွဲထုတ်ခဲ့ရတယ်၊  ဒါပေမဲ့ အဆိုပါအမျိုးသမီးဟာ အသက်မရှိတော့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာပြင်းထန် သူ ၂ ယောက်ကို ပါတွေ့ရှိတယ်။ 

ကားမောင်းသမားရော ကားပေါ်လိုက်ပါလာတဲ့သူတွေအားလုံး အဲဒီနေရာမှာ မရှိကြတော့ဘဲ လမ်းဘေးက မြောင်းထဲကို တချို့၊ တောစပ်ထဲကို တချို့  ထွက်ပြေးပုန်းရှောင်သွားကြတယ်၊ တာဝန်ရှိသူတွေနဲ့ ရွာထဲက ဒေသခံတွေဟာ  အဆိုပါနေရာအနီးတဝိုက်ကို လူစုခွဲပြီး လိုက်လံရှာဖွေကြတာမှာ လူ ၅ ယောက်ကို ပြန်လည်ဖမ်းဆီးရမိတယ်။ 

ကယ်ဆယ်ရေးအဖွဲ့တွေက သေဆုံး ဒဏ်ရာရသူတွေကို မြို့နယ်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြတယ်။ 

စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူမှာ အသက် ၃၆ နှစ်ရွယ် မြန်မာအမျိုးသမီးတယောက် ဖြစ်ပြီး ဒဏ်ရာရသူမှာလည်း မြန်မာတွေ ဖြစ်ပါတယ်။ 

သူတို့ဟာ စုစုပေါင်း ၁၇ ဦးရှိပြီး ထိုင်းနိုင်ငံထဲကို နယ်စပ် ကန်ကျနပူရီခရိုင် ဘုရားသုံးဆူဘက်ကနေ တရားမဝင် ဝင်ရောက်လာကာ မလေးရှားနိုင်ငံကို ဆက်သွားဖို့ဖြစ်တယ်၊ ယာဉ်မောင်းမှာလည်း မြန်မာအမျိုးသား ဖြစ်ပြီး အခင်းဖြစ်တဲ့နေ့က သူဟာ ခရီးဝေး မောင်းနှင်လာရလို့ ပင်ပန်းနွမ်းနယ်ဟန် ရှိနေပါတယ်။ လမ်းချိုးကွေ့တနေရာရောက်တော့ အိပ်ငိုက်ပြီး ဓာတ်မီးတိုင်ကို အရှိန်နဲ့ ဝင်တိုက်မိတယ်လို့  ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ယာဉ်မောင်းနဲ့တကွ ထွက်ပြေးလွတ်မြောက်နေသူ ၉ ယောက်ကို လိုက်လံရှာဖွေနေဆဲဖြစ်ပြီး ပါဝင်ပတ်သက်သူတွေကိုပါ ဆက်လက်စုံစမ်းကာ တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source:  Khaosod / CH7 TV / Kanchanaburi News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013