DVB Logo
Home
မြန်မာသတင်း
ဖာပွန်လမ်း၌ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က ၉ ဦး ဒဏ်ရာရ
အောင်ခန့်
·
May 29, 2026
Photo : KNU
Photo : KNU
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူ ၉ ယောက်ရှိတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေပြန်လည်ရရှိရေး စစ်အာဏာရှင်တပ်က ကရင်နယ်ခြားစောင့်တပ်(BGF) အကူအညီနဲ့ လူအင်အား ၂,၀၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေ ပါတယ်။

လက်ရှိမှာ စစ်ကြောင်းတွေ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းပေါ်က မိုင် ၄၀ နီးက ကျောက်ကွင်း (လယ့်ကွယ်သို)ကျေးရွာနားမှာ ရောက်ရှိနေပါတယ်။

ဒါကြောင့် မေ ၂၇ ရက် မနက် ၉ နာရီကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ညနေ့ပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

တပ်မဟာ ၅၊ မူတြော်ခရိုင် (ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က “စကစ စစ်ကြောင်း မိုင် ၄၀ မှာပဲ တစ်နေတာ။ တနေ့ကုန် ညမိုးချုပ်တဲ့အထိ တိုက်ပွဲဖြစ်တော့ စကစဘက်က သိရသလောက်ကတော့ ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ ဒဏ်ရာရတဲ့အထဲမှာ သိရသလောက် ၉ ယောက်။ ၉ ယောက်ထဲမှာ စိုးရိမ်ရတဲ့အဆင့်က ၇ ယောက်ရှိတယ်”လို့ ပြောပါတယ်။

မေ ၂၆ ရက်ကလည်း ဝါးသိုခိုအထက်နားက မိုင် ၄၀ (တခီးလူ) မှာ စစ်တပ်ရဲ့ စစ်ကြောင်း ရှေ့ဆက်တိုးမရဘဲ တိုက်ခိုက်ခံရပြီး တပ်ခွဲမှူးအပါအဝင် ၄ ယောက်သေဆုံးပြီး တပ်ရင်းမှူး အပါအဝင် ၇ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ကားတစီး တိမ်းမှောက်ခဲ့ပါတယ်။

စစ်တပ်စစ်ကြောင်းတွေ အထိနာခဲ့တာကြောင့် အနီးနားက ကျောက်ကွင်း (လယ့်ကွယ်သို) ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၁၀၀ နီးပါး မီးလောင် ပျက်စီးခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူဆီက သိရပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013