DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးတွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး လူ ၁ ဦးသေဆုံး
DVB
·
November 14, 2024
ဘရာဇီးတွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး လူ ၁ ဦးသေဆုံး
Donate to DVB

ဘရာဇီးနိုင်ငံ ကွန်ဂရက်အဆောက်အဦနဲ့ သမ္မတနန်းတော်အနီးရှိ ရင်ပြင်တခုမှာ နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တရားရုံးချုပ် အဆောက်အအုံ အပြင်ဘက် ကွက်လပ်မှာ ပေါက်ကွဲမှုတခုကြောင့် လူတယောက် သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ဘရာဇီး တရားရုံးချုပ်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း၊ တရားရုံးချုပ် တရားသူကြီးတွေဟာ စုံညီအစည်းအဝေး ပြီးဆုံးသွားခဲ့ပြီးနောက် ဘေးကင်းလျင်မြန်စွာ ထွက်ခွာသွားနိုင်ခဲ့ကြောင်း တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘရာဇီးနိုင်ငံရဲ့ ဗဟိုအစိုးရရုံးခွဲ ၃ ခုရဲ့ အဓိက အဆောက်အဦတွေကို ချိတ်ဆက်ပေးထားတဲ့ ဘရပ်စီးလီယာရှိ အထင်ကရ ရင်ပြင်တခုဖြစ်တဲ့ အာဏာ ၃ ရပ် ပလာဇာတဝိုက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး ပေါက်ကွဲသံ ၂ ခုဟာ တခုနဲ့တခု စက္ကန့် ၂၀ လောက် ခြားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

ဗုဒ္ဓဟူးနေ့က ပထမဆုံးပေါက်ကွဲမှုဟာ တရားရုံး အဆောက်အအုံနဲ့ ကပ်လျက်ရှိ ကားပါကင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ရပ်ထားတဲ့ ကားတစီးရဲ့ နောက်ဖုံးထဲက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း ရုပ်မြင်သံကြားက ပြသခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုတွေကို စုံစမ်းစစ်ဆေးဖို့ ဘရာဇီးနိုင်ငံ မြို့တော်အလယ်ပိုင်းရှိ ရင်ပြင်မှာ ဗုံးအဖွဲ့တဖွဲ့ကို ဖြန့်ကြက်ချထားကြောင်း ဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေအတွက် နယ်မြေရှင်းလင်းခဲ့ပြီး နိုင်ငံရဲ့ ရှေ့နေချုပ်က ဆိုရှယ်မီဒီယာပေါ်ကနေ အဲဒီပေါက်ကွဲမှုကို တိုက်ခိုက်မှုလို့ ခေါ်ဆိုလိုက်ပါတယ်။

တရားရုံးအရှေ့ဘက်ရင်ပြင်မှာ လဲကျနေသေဆုံးသူ အမျိုးသားရဲ့အလောင်းဟာ ဒုတိယ ပေါက်ကွဲမှုနဲ့ ပတ်သက်ဆက်နွှယ်မှု ရှိ၊ မရှိ ဂရုတစိုက် စစ်ဆေးသွားမှာဖြစ်ကြောင်း ဖက်ဒရယ်နယ်မြေရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရာဖယ်လ် ဗန် ဒယ်ရဲ ဘရွတ်ကဲက ပြောပါတယ်။

သမ္မတ လူးဝစ်အင်နာစီရို လူလာဒါဆေးလ်ဗားဟာ တရားရုံးချုပ်အနီး ရင်ပြင်တဖက်မှာ တည်ရှိတဲ့ သမ္မတအိမ်တော်ကနေ ပေါက်ကွဲမှုမဖြစ်ခင် အချိန်တိုအတွင်း ထွက်ခွာသွားခဲ့ပါတယ်။

ရီယိုဒီဂျနေရိုမှာ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံကြမယ့် G20 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်း မပြုရသေးခင်မှာ လုံခြုံရေးစိုးရိမ်မှုတွေအတွက် နှိုးဆော်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013