DVB Logo
Home
မြန်မာသတင်း
ထိုင်း ကာရာအိုကေဆိုင်တွင် တက္ကသိုလ်ကျောင်းသူဝတ်စုံဖြင့် ဝန်ဆောင်မှုပေးသည့် ရွှေ့ပြောင်း အလုပ်သမား ၃၀ ကျော် အဖမ်းခံရ 
DVB
·
November 12, 2024
ထိုင်း ကာရာအိုကေဆိုင်တွင် တက္ကသိုလ်ကျောင်းသူဝတ်စုံဖြင့် ဝန်ဆောင်မှုပေးသည့် ရွှေ့ပြောင်း အလုပ်သမား ၃၀ ကျော် အဖမ်းခံရ 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ ကထုန့်ဘဲင်မြို့ရှိ ကာရာအိုကေဆိုင်တဆိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ညက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးပြီး ရွှေ့ပြောင်းအလုပ်သမား ၃၀ ကျော်နဲ့ ဆိုင်ရှင်ကို ဖမ်းဆီးအရေးယူထားတယ်လို့  naewna ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ကထုန့်ဘဲင်မြို့ ခလောင်းမတွေရပ်ကွက် ဖွတ်ထဆာခွန်းလမ်းရှိ ကာရာအိုကေဆိုင် တဆိုင်ဟာ သတ်မှတ်ထားတဲ့ အချိန်ပိုဖွင့်ပြီး ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်အောင် ဆူညံသံတွေ ပြုနေတယ်လို့ တိုင်ကြားလာတဲ့အတွက် လိုအပ်သလို စုံစမ်းစစ်ဆေးပြီး သက်ဆိုင်ရာ လဝကရဲ၊ အုပ်ချုပ်ရေးပိုင်း၊ အလုပ်သမားရုံး တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့  ကထုန့်ဘဲင်နယ် မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါ ကာရာအိုခေဆိုင်မှာ အရက်ပါ ရောင်းချပြီး ထိုင်းတက္ကသိုလ် ကျောင်းသူ ဝတ်စုံဝတ် မိန်းကလေးတွေက ဧည့်သည်တွေကို အရက်ငှဲ့ပေးတာ၊ အဖော်လုပ်ပေး ဝန်ဆောင်မှုပေးနေတာကို တွေ့ရတယ်။  အဆိုပါမိန်းကလေးတွေဟာ ဗီယက်နမ်၊ ကမ္ဘောဒီးယား နဲ့ လာအိုနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးပါ ပါဝင်တယ်လို့ ဆိုပါတယ်။ 

သူတို့မှာ အချို့က အထောက်အထားမရှိ၊ အချို့က အလုပ်သမားလက်မှတ်သက်တမ်း ကုန်နေတာ၊ နေထိုင်ခွင့်ဗီဇာသက်တမ်း ကုန်နေတာ၊ အများစုက အလုပ်ရှင်နာမည်နဲ့ အလုပ်နေရာ ထပ်တူမကျတာတွေ ဖြစ်တယ်၊ ထိုင်းကို ဝင်လာတာ မကြာသေးလို့ စာရွက်စာတမ်း အပြောင်း အလဲ မလုပ်ရသေးဘူးလို့လည်း ပြောတယ်လို့ ဆိုပါတယ်။ 

အသက် ၄၁ နှစ်ရွယ် နန်းဆောင်ထိသီရတ် ခေါ် ကျေ့ဆောင် ဆိုသူက ဆိုင်ပိုင်ရှင် အမည်ခံထားပြီး ဆိုင်ဖွင့်ခွင့် မှတ်ပုံတင်ထားတာလည်း မရှိတာကြောင့် တရားမဝင် ကာရာအိုကေဆိုင်ဖွင့်မှု၊ တရားမဝင် အလုပ်သမား ငှားရမ်းမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့  ပန်းရန်၊ အိမ်ဖော်၊ ကလေးထိန်း၊ ဆိုင်ရောင်းကူ စတဲ့ အောက်ခြေသိမ်းအလုပ်တွေသာ လုပ်ခွင့်ရှိပြီး ဖျော်ဖြေရေးလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ လုပ်ခွင့်မရှိပါဘူး။ 

ကိုကား - naewna .com 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013