DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် အနိုင်ရပြီးနောက် Bitcoin တန်ဖိုး ဒေါ်လာ ၉၀၀၀၀ ခန့်အထိ စံချိန်တင် မြင့်တက်
DVB
·
November 12, 2024
ထရမ့်ပ် အနိုင်ရပြီးနောက် Bitcoin တန်ဖိုး ဒေါ်လာ ၉၀၀၀၀ ခန့်အထိ စံချိန်တင် မြင့်တက်
Donate to DVB

ပြီးခဲ့တဲ့အပတ်က အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ပ် အနိုင်ရပြီးတဲ့နောက် Bicoin တန်ဖိုးဟာ စံချိန်တင်မြင့်တက်နေပြီး နိုဝင်ဘာ ၁၁ ရက်မှာ ဒေါ်လာ ၈၉, ၂၅၃.၈၇ အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ 

နိုဝင်ဘာ ၁၂ ရက်မှာတော့ အနည်းငယ်ပြန်ကျသွားပြီးတော့ အစောပိုင်းမှာ ဒေါ်လာ ၈၇,၀၀၀ ကျော် တန်ဖိုးရှိနေပါတယ်။ ထရမ့်ပ် သမ္မတရွေးကောက်ပွဲ နိုင်တဲ့အပြင် ရီပတ်ဘလီကန်တွေက အထက် အောက် လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ဖို့ အလားအလာ ရှိနေပါတယ်။ 

ဒီလိုမျိုး ရီပတ်ဘလီကန်တွေက အလုံးစုံထိန်းချုပ်နိုင်တော့မယ့် အနေအထားမှာ အမေရိကကို ‘ကမ္ဘာမြေရဲ့ ခရစ်ပတိုမြို့တော်’ ဖြစ်စေရမယ်ဆိုတဲ့  ထရမ့်ပ်ရဲ့ ကတိဟာ အကောင်အထည်ဖော်နိုင်ခြေ အားကောင်းလာခဲ့ပါတယ်။ 

ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေး ဖြစ်တဲ့ Bitcoin  တန်ဖိုးဟာ ဒီနှစ်အတွင်း ၈၀ ရာခိုင်နှုန်းကျော် တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ အီလွန်မတ်စ်က ပရိုမိုးရှင်း ဆင်းပေးနေတဲ့ Dogecoin (ဒေါ့ဂ်ကွိုင်) ကလည်း တန်ဖိုးတက်လာခဲ့ပါတယ်။

ထရမ့်ပ်က သူ တက်လာရင် မဟာဗျူဟာမြောက် Bitcoin စုဆောင်းမှုတရပ် ဖန်တီးပြီး ဒစ်ဂျစ်တယ်ငွေကြေးကို လက်ခံတဲ့ ဘဏ္ဍာရေးစည်းမျဉ်းထိန်းသိမ်းသူတွေ ခန့်အပ်မယ်လို့ ပြောထားဖူးပါတယ်။ 

ဒါကြောင့် ခရစ်ပတိုငွေကြေးအပေါ် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထရမ့်ပ်လက်ထက်မှာ ဖြေလျှော့ပေးမယ်လို့ မျှော်လင့်နေကြပါတယ်။ ထရမ့်ပ်က သူ သမ္မတဖြစ်ဖြစ်ချင်းပဲ ခရစ်ပတိုကို မလိုလားတဲ့ လက်ရှိ စတော့အိတ်ချိန်းဥက္ကဋ္ဌကို ထုတ်မယ်လို့ လည်း ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013