
မန်ချက်စတာယူနိုက်တက် ပရိသတ်အဖွဲ့အစည်းတွေဟာ ရာသီပွဲစဉ်လက်မှတ် ပိုင်ဆိုင်သူတွေအပေါ် အသင်းရဲ့ကိုင်တွယ်ပုံအပေါ် စိတ်ပျက်နေကြပါတယ်။
လက်မှတ်မှောင်ခိုကိစ္စနဲ့ ပတ်သက်လို့ အသင်းရဲ့ “အရင်ပိတ်ပင်၊ နောက်မှမေးမြန်း” ဆိုတဲ့ မူဝါဒကြောင့် ပရိသတ်အများအပြားဟာ သူတို့ရဲ့ ရာသီလက်မှတ်တွေ ဆုံးရှုံးရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ဒီလိုလုပ်ရပ်က ပရိသတ်တွေအတွက် တရားမျှတမှု မရှိဘူးလို့ ခံစားနေကြရပါတယ်။ အင်္ဂါနေ့ညက ပရိသတ်အဖွဲ့အစည်းအများအပြား ပူးပေါင်းပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ အသင်းအနေနဲ့ လက်ရှိကျင့်သုံးနေတဲ့ မူဝါဒကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
ဒီလိုတင်းကျပ်တဲ့ စည်းမျဉ်းတွေအစား ပိုမိုပြေလျော့တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်ပေးဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။











