DVB Logo
Home
အားကစား
လက်ထောက်နည်းပြနစ္စတယ်ရွိုင်းနှင့် လမ်းခွဲကြောင်း မန်ယူအသင်း ထုတ်ပြန်
DVB
·
November 12, 2024
လက်ထောက်နည်းပြနစ္စတယ်ရွိုင်းနှင့် လမ်းခွဲကြောင်း မန်ယူအသင်း ထုတ်ပြန်
Donate to DVB

လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းဟာ အသင်းကနေ ထွက်ခွါမှာဖြစ်ကြောင်း မန်ယူနိုက်တက်အသင်းက အတည်ပြုသွားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ယာယီနည်းပြ နစ္စတယ်ရွိုင်း ကိုယ်တိုင်က နည်းပြသစ်အာမိုရင် လက်အောက်မှာ အသင်းကို တထောင့်တနေရာကနေ ကူညီ သွားချင်ကြောင်း ပြောခဲ့ပေမဲ့ အဆုံးသတ်မှာ အသင်းကနေ ထွက်ခွါဖို့ ဖြစ်လာခဲ့တာပါ။

နည်းပြသစ် အာမိုရင်ဟာလည်း စပို့တင်းမှာလက်တွဲလာတဲ့ နည်းပြအဖွဲ့ဝင် ၅ ယောက်ကို မန်ယူအသင်းဆီခေါ်ဆောင်လာခဲ့ပြီး နစ္စတယ်ရွိုင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

နစ္စတယ်ရွိုင်းဟာ ယာယီနည်းပြအဖြစ် ၄ ပွဲကိုင်တွယ်ခဲ့တာမှာ ရှုံးပွဲမရှိပဲ အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ခဲ့တာပါ။

နစ္စတယ်ရွိုင်း အသင်းကနေ ထွက်ခွါတော့မှာဖြစ်ပေမဲ့ အသင်းဂန္ထဝင်ကစားသမား တယောက်အဖြစ် အမြဲတမ်းရှိနေမှာ ဖြစ်ကြောင်း မန်ယူအသင်းရဲ့  ထုတ်ပြန်ချက်မှာပါရှိပါတယ်။

နစ္စတယ်ရွိုင်းအပါအဝင် တခြားနည်းပြ အဖွဲ့ဝင် ၃ ယောက်ဟာလည်း အသင်းကနေ ထွက်ခွါမှာဖြစ်ကြောင်း မန်ယူအသင်းက ထုတ်ပြန်သွားပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013