DVB Logo
Home
နိုင်ငံတကာ
တလအတွင်း ၄ ခုမြောက် တိုင်ဖွန်းမုန်တိုင်း ဖိလစ်ပိုင်သို့ ဝင်ရောက်
DVB
·
November 11, 2024
တလအတွင်း ၄ ခုမြောက် တိုင်ဖွန်းမုန်တိုင်း ဖိလစ်ပိုင်သို့ ဝင်ရောက်
Donate to DVB

ဖိလစ်ပိုင်နိုင်ငံဟာ တလမပြည့်ခင် ၄ ကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်းနဲ့ ရင်ဆိုင်နေရတာကြောင့် ကျေးရွာပေါင်း ထောင်နဲ့ချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့  အမိန့်ပေးထားတယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ 

အမြင့်ဆုံး လေတိုက်နှုန်းအဖြစ် ၁ နာရီကို ၁၃၀ ကီလိုမီတာအထိရှိတဲ့ ဒီမုန်တိုင်းအတွင်း သေဆုံးဒဏ်ရာရမှု အရေအတွက်နဲ့ ထိခိုက်ပျက်စီးမှုသတင်းတွေ မရောက်လာသေးကြောင်း အမျိုးသားမိုးလေဝသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

တိုရာဂျီ (Toraji) အမည်ရ တိုင်ဖွန်းမုန်တိုင်းဟာ မနီလာမြို့တော်ရဲ့ အရှေ့မြောက်ဘက် ၂၂၀ ကီလီုမီတာ အကွာက ဒီလာဆက်ဂ်မြို့ငယ်အနီးမှာရှိတဲ့ ကမ်းရိုးတန်းဒေသကို ဝင်ရောက်တိုက်ခတ်နေတာပါ။

သဘာ၀ဘေးအန္တရာယ်တွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ၃ ကြိမ် ကျရောက်မှုအတွင်း လူ ၁၅၉ ယောက်အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ 

ဒီလိုမျိုး ကမ်းရိုးတန်းဒေသတွေ အပါအဝင် ဒီနာလူငန်နဲ့ ဘလယ်မြို့မှာပါ ရေကြီးနိုင်တဲ့ နေရာတွေနဲ့ မြေပြိုနိုင်တဲ့နေရာတွေက လူပေါင်း ၁၄၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အရာရှိတယောက်က မှတ်ချက်ပေးပါတယ်။ 

လက်ရှိမှာ မုန်တိုင်းဒဏ် အဆိုးဆုံးခံရနိုင်တဲ့ ဒေသတွေက အစိုးရရုံးနဲ့ ကျောင်းတွေ ပိတ်ထားရသလို ကျေးရွာပေါင်း ၂၅၀၀ ကိုလည်း နေရပ်စွန့်ခွာဖို့အတွက် အစိုးရက တနင်္ဂနွေနေ့မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဂူအမ်ကျွန်း အရှေ့ဘက်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း မန်ရီကပါ ဖိလစ်ပိုင်ကို ထပ်ပြီးဝင်ရောက်နိုင်တဲ့အတွက် စိုးရိမ်မှုရှိကြောင်း သိရပါတယ်။ 

နှစ်စဉ် တိုင်ဖွန်းလိုမျိုး မုန်တိုင်းကြီး ၂၀ နီးပါးက ကျွန်းစုနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ ပတ်ဝန်းကျင် ရေပြင်တွေကို ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ 

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ရာသီဥတုဖောက်ပြန်မှုကြောင့် အာရှ-ပစိဖိတ်-ဒေသမှာရှိတဲ့ မုန်တိုင်းတွေဟာ ကမ်းခြေဒေသတွေနဲ့ ပိုပြီးနီးကပ်လာသလို ပိုမို မြန်ဆန်စွာနဲ့လည်း အားကောင်းလာခဲ့ပြီး ကုန်းတွင်းပိုင်းမှာပါ အချိန်ကြာမြင့်စွာ တည်ရှိနိုင်ကြောင်း တွေ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013