DVB Logo
Home
နိုင်ငံတကာ
ရေကြောင်းဥပဒေသစ်များနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်သံအမတ်ကြီးကို တရုတ် ဆင့်ခေါ်သတိပေး
DVB
·
November 11, 2024
ရေကြောင်းဥပဒေသစ်များနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်သံအမတ်ကြီးကို တရုတ် ဆင့်ခေါ်သတိပေး
Donate to DVB

ဖိလစ်ပိုင်က ထုတ်ပြန်ထားတဲ့ ‘ပင်လယ်ရေကြောင်းဇုန်ဥပဒေ’နဲ့ ‘ကျွန်းစုပင်လယ်လမ်းများဥပဒေ’ တို့နဲ့ပတ်သက်ပြီး လေးလေးနက်နက် သရုပ်ဖော်တင်ပြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကို ဆင့်ခေါ်လိုက်ပါတယ်လို့ ပေကျင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း က နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။

တရုတ်ရဲ့ ပိုင်နက်အချုပ်အခြာအာဏာ၊ ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို လေးလေးနက်နက် လေးစားလိုက်နာဖို့၊ အငြင်းပွားမှုတွေကို ချဲ့ထွင်ပြီး အခြေအနေကို ရှုပ်ထွေးသွားစေမယ့် တဖက်သတ် လုပ်ဆောင်ချက်တွေကို ချက်ချင်းရပ်တန့်ဖို့၊ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို စိတ်အားထက်သန်မှုရှိရှိ ထိန်းသိမ်းဖို့ တရုတ်က ဖိလစ်ပိုင်ကို တိုက်တွန်းထားပါတယ်။

လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ အခွင့်အရေးက တရုတ်လက်ထဲမှာရှိတယ်လို့ မော်က ဆက်ပြောပါတယ်။

ဖိလစ်ပိုင်ရဲ့ ဥပဒေနှစ်ရပ်ကို ကန့်ကွက်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အပြင်းအထန် ကန့်ကွက်ဖို့ တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တာပါ။ 

ရေကြောင်းဇုန်များဥပဒေထဲမှာ တရုတ်နိုင်ငံရဲ့ ဟွမ်းယံကျွန်းနဲ့ နန်းရှာကျွန်းစုအများစု၊ ဖိလစ်ပိုင်ရဲ့ ရေပိုင်နက်ဇုန်တွေနဲ့ ဆက်စပ်ရေပိုင်နက်နယ်မြေတွေ ပါဝင်ပြီး တောင်တရုတ်ပင်လယ်ထဲက တရုတ်ရဲ့ ပိုင်နက်အချုပ်အခြာအာဏာနဲ့ ရေကြောင်းဆိုင်ရာ အခွင့်အရေးတွေ အကျိုးစီးပွားတွေကို အပြင်းအထန် ထိပါးစေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ ခေတ်ပြိုင် နိုင်ငံတကာဆက်ဆံရေးသိပ္ပံ (CICIR) က ပင်လယ်ရေကြောင်း ကျွမ်းကျင်သူ ယန်ရှောင်းက ပြည်တွင်းဥပဒေတွေဟာ သတ်မှတ်ထားတဲ့ နိုင်ငံတကာဥပဒေနဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ကျော်လွန်လို့ မရဘူးလို့ အလေးပေး ပြောဆိုရင်း ဖိလစ်ပိုင်ရဲ့ လုပ်ရပ်နှစ်ခုဟာ အခြေအမြစ်မရှိဘူးလို့ ပြောဆို ဝေဖန်ခဲ့ပါတယ်။

ကျွန်းစုဝန်းကျင် ပင်လယ်ရေကြောင်းလမ်း အက်ဥပဒေအရ သတ်မှတ်ထားတဲ့ ရေလမ်းကြောင်းတွေဟာ ဖိလစ်ပိုင်က အမေရိကန် စစ်အခြေစိုက်စခန်းတွေနဲ့ နီးကပ်နေပြီး ဖိလစ်ပိုင်နဲ့ ပြင်ပမဟာမိတ်တွေကြား ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို စောင့်ကြည့်ဖို့နဲ့ နိုင်ငံအသီးသီးက ရေကြောင်းသွားလာမှုဘေးကင်းရေးကို ခြိမ်းခြောက်နေလို့ ပတ်၀န်းကျင်နိုင်ငံတွေအကြား သံသယတွေ တိုးပွားစေတယ်လို့လည်း ယန်က ပြောခဲ့ပါတယ်။

ဒေသတွင်း တခြားနိုင်ငံတွေနဲ့ အချုပ်အခြာအာဏာဆိုင်ရာ အငြင်းပွားနေတဲ့ တရုတ်နိုင်ငံဟာ အရင်က တောင်တရုတ်ပင်လယ်ကို လွှမ်းခြုံထားတဲ့ ပြည်တွင်းဥပဒေတွေ ဖြစ်တဲ့ ကမ်းရိုးတန်းစောင့်ဥပဒေကို ၂၀၂၁ မှာ ပြဋ္ဌာန်းထားပြီး ပိုင်နက်ကျူးလွန်တယ်လို့ သံသယရှိသူ နိုင်ငံခြားသားတွေကို ဖမ်းဆီးဖို့ ခွင့်ပြုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013