DVB Logo
Home
နိုင်ငံတကာ
ဗလန်စီယာ ရေကြီးမှု အစိုးရ၏ကိုင်တွယ်ပုံ မကျေနပ်သည့် စပိန်ပြည်သူ ၁ သိန်းကျော် ဆန္ဒပြ
DVB
·
November 11, 2024
ဗလန်စီယာ ရေကြီးမှု အစိုးရ၏ကိုင်တွယ်ပုံ မကျေနပ်သည့် စပိန်ပြည်သူ ၁ သိန်းကျော် ဆန္ဒပြ
Donate to DVB

စပိန်နိုင်ငံ၊ ဗလန်စီယာမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ပတ်သက်လို့ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံကို မကျေနပ်တဲ့ စပိန်ပြည်သူသိန်းချီ ဆန္ဒပြခဲ့ကြပါတယ်။

ဗင်စီယာပြည်နယ်အစိုးရခေါင်းဆောင် ကာလို့စ်မာဇွန်ကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

လူပေါင်း ၁၃၀,၀၀၀ လောက် လမ်းပေါ်ထွက်ခဲ့ကြပြီး “ကျနော်တို့က ရွှံ့တွေနဲ့ ပေကျံနေတယ်၊ ခင်ဗျားတို့က သွေးတွေနဲ့ ပေကျံနေတယ်”လို့ ဆန္ဒပြသူတွေက ဟစ်ကြွေးခဲ့ကြပါတယ်။

အောက်တိုဘာလက ဗလန်စီယာနဲ့ အနီးအနားက ပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရကာ လူ ၈၀ လောက်ကတော့ အခုထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ ရေကြီးမှုနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေကို နောက်ကျမှ ထုတ်ပြန်ခဲ့တယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေရဲ့ နောက်ဆုံးပိုင်းမှာ စိတ်ဆိုးနေတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ပြည်နယ်အစိုးရခေါင်းဆောင် မာဇွန်က ဗဟိုအစိုးရဆီကနေ သတိပေးချက် လုံလုံလောက်လောက် မရခဲ့သလို၊ ဘေးအန္တရာယ်ဟာ ကြိုတင်မှန်းဆလို့ မရနိုင်တဲ့ အနေအထားဖြစ်တယ်လို့ ပြောပါတယ်။

စပိန်မှာ ဘေးအန္တရာယ် တုံ့ပြန်ရေးကို ဒေသဆိုင်ရာ အစိုးရတွေက တာဝန်ယူရပြီး၊ လိုအပ်ရင် ဗဟိုအစိုးရဆီက အကူညီတောင်းနိုင်ပါတယ်။

ဗလန်စီယာက ရေကြီးမှုဟာ ဒါနာလို့ခေါ်တဲ့ ပူနွေးစိုစွတ်တဲ့ လေနဲ့အေးမြတဲ့ လေတို့ တွေ့ဆုံရာကနေ မတည်ငြိမ်တဲ့ မိုးလေဝသ စနစ်ဖြစ်ပေါ်လာတာကြောင့် ဖြစ်ပါတယ်။ ရာသီဥတု ပူနွေးလာတာက ရေကြီးမှုတွေကို ပိုဆိုးစေခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013