DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများဖြင့် တနင်္သာရီပကဖထံ ဘက်ပြောင်းခိုလှုံ
DVB
·
November 10, 2024
စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများဖြင့် တနင်္သာရီပကဖထံ ဘက်ပြောင်းခိုလှုံ
Donate to DVB

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သားတယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်း ခိုလှုံလာခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖအဖွဲ့က ထုတ်ပြန်ပါတယ်။

ဇဝဲကျေးရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းက တပ်သား မောင်ဝေလင်းထွန်း ကိုယ်ပိုင်အမှတ် တ-၅၇၄၃၁၅ ဟာ နိုဝင်ဘာ ၄ ရက်နေ့က လုံခြုံရေးတာဝန်ကျနေတုန်း ထွက်ပြေးလာခဲ့ပြီး ဘက်ပြောင်းခိုလှုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူနဲ့အတူ MA-2 ၁ လက်၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၂၀၊ ကျည်ဘောက် ၁ ခုကိုလည်း ယူဆောင်ထွက်ပြေးလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်း ပကဖ စစ်ရေး ဒုတာဝန်ခံ ကိုလမင်းက “ဖြစ်စဉ်အသေးစိတ်ကိုတော့ မမေးဖြစ်‌သေးဘူး။ လက်နက်တွေနဲ့အတူ အလင်းဝင်လာတဲ့ မှတ်တမ်းတချို့တော့ ရထားတယ်” လို့ ပြောပါတယ်။

တပ်သား မောင်ဝေလင်းထွန်းဟာ တပ်တွင်းမတရားဖိနှိပ်ခံရတာတွေအပြင် ပြည်သူတွေအပေါ် စစ်သည်တော်ကျင့်ဝတ်ချိုးဖောက်ပြီး သတ်ဖြတ်တာတွေ လုပ်နေရတဲ့အတွက် ဘက်ပြောင်းခိုလှုံ လာခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိမှာတော့ သူ့ကို စောင့်ရှောက်ပေးထားပြီး ဘက်ပြောင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကူညီနေတဲ့ ပြည်သူ့ရင်ခွင်နဲ့ချိတ်ဆက်ပြီး သူ့ရဲ့ဆန္ဒအတိုင်း ကူညီဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင် အခုနှစ် အောက်တိုဘာ ၃၀  ရက်နေ့ကလည်း စစ်ကောင်စီရဲ့လူသစ်စုဆောင်းခံရတဲ့ လူငယ်တပ်သား ၁ ယောက်ဟာ ရှေ့တန်းတနေရာကနေ ထွက်ပြေးပြီး တနင်္သာရီမြို့နယ် ပကဖ ဇုန်-၃ တနင်္သာရီရိုးမအဖွဲ့ဆီကို ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီက ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီ တပ်သားတွေ များပြားလာသလို စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်မှာလည်း စစ်ကောင်စီ တပ်ရင်းတွေကနေ ထွက်ပြေးလာပြီး ဘက်ပြောင်းလာတဲ့ တပ်သားသစ်တွေ သိသိသာသာ ပိုများလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013