DVB Logo
Home
မြန်မာသတင်း
အမေရိကန်အစိုးရသစ်ထံမှ အကူအညီပိုရရေး တောင်းဆိုကြရန် ဒေါက်တာမီမီဝင်းဘတ် တိုက်တွန်း
DVB
·
November 10, 2024
အမေရိကန်အစိုးရသစ်ထံမှ အကူအညီပိုရရေး တောင်းဆိုကြရန် ဒေါက်တာမီမီဝင်းဘတ် တိုက်တွန်း
1 / 4
Donate to DVB

အမေရိကန်အစိုးရသစ်ဆီက ပိုအားကောင်းတဲ့ အကူအညီရအောင် ပူးပေါင်းတောင်းဆိုကြဖို့ ဒေါက်တာမီမီဝင်းဘတ်က တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့မှာ ရွေးကောက်ပွဲအနိုင်ရထားတဲ့ သမ္မတလောင်းဒေါ်နယ်ထရမ့်ပ်နဲ့ ရီပါဘလစ်ကန်လွှတ်တော်အမတ်တွေဟာ လာမယ့် ၂၀၂၅ ဇန်နဝါရီလမှာ ကျမ်းသစ္စာကျိန်ဆိုပြီး အစိုးရသစ်နဲ့ လွှတ်တော်အခင်းအကျင်းသစ်စတင်မှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် အမေရိကန်အစိုးရသစ်ဆီက ပိုအားကောင်းတဲ့ ကူညီရပ်ခံပံ့ပိုးမှုတွေရလာအောင် ပြည်ပရောက်တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတောင်းဆိုကြဖို့လိုတယ်လို့ အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့မှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၉ ရက်က ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ်လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန၊ ပါမောက္ခဒေါက်တာမီမီဝင်းဘတ်က တိုက်တွန်းလိုက်တာပါ။

အမေရိကန်ရောက်မြန်မာတွေအကြားမှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအပေါ် အမြင်မတူတာတွေကို ခဏထားပြီး မြန်မာ့အရေးအတွက် အခွင့်အလမ်းသစ်တွေရအောင် ဝိုင်းကြိုးစားဖို့ လိုတယ်လို့ သူကရှင်းလင်းပါတယ်။ 

တွေ့ဆုံပွဲမှာ နွေဦးတော်လှန်ရေးအောင်မြင်စွာ အဆုံးသတ်နိုင်ဖို့ ဖြစ်ပေါ်နေတဲ့ အတားအဆီးတွေနဲ့ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးမူဝါဒနဲ့ နိုင်ငံတကာရဲ့ မြန်မာ့အရေးပါ် သက်ရောက်ဆက်စပ်နေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပွဲတက်လာသူတွေနဲ့ ဒေါက်တာမီမီဝင်းဘတ်တို့ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

ချီကာကို Naperville လူထုတွေ့ဆုံပွဲမှာ အဆိုတော် ရန်ရန်ချမ်း၊ Cobra၊ လင်းနစ်၊ ကျော်သီဟ၊ လင်းထက်၊ M သီဟ၊ Mark Jason၊ မြတ်နိုးအေး၊ DJ Wine တို့က တော်လှန်ရေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့သလို စစ်ဘေးရှောင်ပြည်တွေတွက် ရန်ပုံငွေဈေးရောင်းပွဲတော်ပြုလုပ်ခဲ့ပြီး လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013