
ကမ္ဘာ့တန်ဖိုးအရှိဆုံး လူငယ်ကစားသမား အယောက် ၂၀ စာရင်းမှာ ပရီးမီးယားလိဂ်က ၈ ယောက်အထိ အများဆုံး ပါဝင်ခဲ့ပါတယ်။
CIES လို့ခေါ်တဲ့ဘောလုံးသုတေသနအဖွဲ့ရဲ့ ထုတ်ပြန်တဲ့ အဲဒီလူစာရင်းမှာ စပိန်နဲ့ ဘာစီလိုနာ ကြယ်ပွင့် လာမိန်းယာမယ်က ပေါင်သန်း ၁၅၀ နဲ့ တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်ပါတယ်။
ယာမယ်ရဲ့နောက်မှာ မန်ယူတောင်ပံကစားသမား ဂါနာချိုက ပေါင် ၉၅ သန်း တန်ကြေးနဲ့ ဒုတိယ၊ ပီအက်စ်ဂျီကွင်းလယ်လူ ဇိုင်ယာအမ်မရီက ပေါင်သန်း ၉၀ နဲ့ တတိယ နေရာတွေမှာ ရပ်တည်ပါတယ်။
ထိပ်ဆုံး အယောက် ၂၀ စာရင်းမှာ ပရီးမီးယားလိဂ်က ကစားသမား ၈ ယောက် အထိ အများဆုံးပါဝင်ခဲ့ပြီး မန်စီးတီးတောင်ပံကစားသမား ဆာဗီယိုက ပေါင် ၈၄ သန်းနဲ့ အဆင့် ၄၊ ရီကိုလူးဝစ်က ပေါင် ၇၂ သန်းနဲ့ အဆင့် ၇ နေရာတွေမှာ ရပ်တည်ပါတယ်။
မန်ယူကွင်းလယ်လူ ကိုဘီမိန်နူးက ပေါင် ၆၂ သန်းနဲ့ အဆင့် ၉ နေရာမှာရပ်တည်ခဲ့ပြီး ဗီလာတိုက်စစ်မှူး ဒူရမ်၊ ဘရိုက်တန်တိုက်စစ်မှူး ဖာဂူဆန်၊ လက်စတာက ဘွန်နာနော့တီ၊ မန်ယူနောက်ခံလူ ရိုယိုနဲ့ ဘရိုက်တန်က ဘာလီဘာတို့က ထိပ်ဆုံး အယောက် ၂၀ စာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။










