
ဂျာမနီအဓိပတိက အိုလပ်ရှိုဇ်ဟာ ဘဏ္ဍာရေးဝန်ကြီး ခရစ္စတီယန်လင်နာကို ယုံကြည်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုကာ ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် ဂျာမနီညွန့်ပေါင်းအစိုးရဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
ဂျာမနီအစိုးရအဖွဲ့ဟ လာမယ့်နှစ်အစောပိုင်းမှာ အစိုးရအဖွဲ့ကို ယုံကြည်မှု ဆက်ရစေဖို့ မဲကောက်ခံမယ်လို့လည်း ပြောဆိုထားပါတယ်။ ယုံကြည်မှု မဲကောက်ခံမှုကို လာမယ့်နှစ် မတ်လမှာ ကျင်းပသွားဖွယ်ရှိပါတယ်။
လင်နာဟာ ပြိုင်ဘက်ပါတီကို ဦးဆောင်သူတယောက်ဖြစ်ပြီး အိုလပ်ရှိုဇ်ရဲ့ ပါတီနဲ့ ညွန့်ပေါင်းအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုက ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့တဲ့ ဂျာမနီမှာ အစိုးရအဖွဲ့အတွင်း ပွတ်တိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အဓိက ဝန်ကြီးနေရာကို ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
အိုလပ်ရှိုဇ်ကတော့ ဘဏ္ဍာရေးဝန်ကြီးဟာ သူ့ရဲ့ ယုံကြည်မှုတွေ သစ္စာဖောက်ခံရတယ်လို့ ပြောဆိုထားပြီး နိုင်ငံထက် ပါတီရဲ့ အကျိုးစီးပွားကို ပိုလုပ်တယ်လို့လည်း ဆိုထားပါတယ်။
လင်နာကလည်း အိုလပ်ရှိုဇ်ဟာ ဂျာမနီနိုင်ငံကို မသေချာမှုတွေထဲကို တွန်းပို့နေတယ်လို့ အပြန်အလှန် စွပ်စွဲထားတာတွေ့ရပါတယ်။
ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ပြဿနာတွေက ဂျာမနီနိုင်ငံကို ဥရောပတိုက်ရဲ့ စီးပွားရေးအင်အားအကြီးဆုံးအဖြစ်ကနေ ထိုးကျစေတယ်လို့ သတင်းတွ်က ဖော်ပြပါတယ်။
အမေရိကန်မှာ ဒေါ်နယ်ထရမ့်သမ္မတသစ်အဖြစ် ရွေးကောက်ခံရပြီးနောက် ဥရောပရဲ့ စီးပွားရေးနဲ့ လုံခြုံရေးတို့ မသေချာမှုတွေ ရင်ဆိုင်နေရချိန်မှာ ဂျာမနီအစိုးရအဖွဲ့ရဲ့ ပြဿနာပေါ်ပေါက်လာတာဖြစ်ပါတယ်။
လက်ရှိအချိန် ဂျာမနီနိုင်ငံဟာ ယူကရိန်းနိုင်ငံက ဒုက္ခသည် ၁.၅ သန်းကို လက်ခံထားရသလို စီးပွားရေးတိုးတက်မှုမရှိတာကလည်း ဒုတိယနှစ်ထဲကို ရောက်ရှိလာပါပြီ။
Source: Reuters











