DVB Logo
Home
မြန်မာသတင်း
ကထိန်ပွဲကျင်းပသည့်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ
DVB
·
November 6, 2024
ကထိန်ပွဲကျင်းပသည့်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ကထိန်ပွဲကျင်းပနေတဲ့ အိုင်းမကျေးရွာကို စစ်ကောင်စီတပ်က နို၀င်ဘာ ၅ ရက် ညနေ ၃ နာရီ၀န်းကျင်မှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၃  ယောက် သေဆုံးခဲ့ရသလို ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ အိုင်းမကျေးရွာက  အသက် ၄၀ အရွယ် အမျိုးသား တယောက်နဲ့ အသက် ၇၀ နဲ့ ၂၅ နှစ်အရွယ် အမျိုးသမီး ၂ ယောက်တို့ သေဆုံးခဲ့ရတယ်လို့  ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူက ပြောပါတယ်။

“ကထိန်ရာသီဆိုတော့ဗျာ အိုင်းမရွာဘုန်းကြီးကျောင်းမှာ ကထိန်ပွဲအတွက်လုပ်နေကြတာ။ အဲ့ဒါကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲပြီး စက်လက်တွေနဲ့လည်းပစ်သွားတယ်။ ဗုံးက ၃ လုံးကြဲတာ။ ၂ လုံးကွဲတယ်။ ရွာသား ၃ ဦးက နေရာမှာတင်ဆုံးသွားတယ်။”

အိုင်းမကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းကနေတိုက်ခိုက်မှုကြောင့် အိုင်းမကျေးရွာဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတဲ့အပြင် အနီးအနားက လူနေအိမ် ၆ လုံးထက်မနည်းလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံက “ပြည်သူတွေ အလှူအတန်းတွေ လုပ်တဲ့အချိန်မို့ ကျနော်တို့ပုလဲမြို့နယ်ထဲမှာ တိုက်ပွဲဖေါ်ဆောင်တာတွေကိုရပ်နားထားတာပါ။ ဘာသတင်းရလို့ လာပစ်သွားတယ်ဆိုတာတော့ မပြောတတ်ပါဘူးဗျာ။ စစ်တပ်က ဘာသာရေးပွဲတွေကို တောင်မရှောင်တော့ဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီးတတော့ ဦးတည်တိုက်ခိုက်လာနေတယ်” လို့ ပြောပါတယ်။

နို၀င်ဘာ ၄ ရက် ညပိုင်းကလည်း ပုလဲမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အလယ်ဘုံကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲလို့ ဘုန်းကြီးကျောင်းပျက်စီးသွားခဲ့သလို အနီးကနေအိမ်တချို့ပျက်စီးသွားပြီး အသက် ၄၀ အရွယ် အမျိုးသား တယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013