DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် စိတ်ကြွမူးယစ်ဆေး ငွေကျပ် ၃ ဘီလီယံကျော်ဖိုး ဖမ်းဆီးမိ
DVB
·
November 5, 2024
တာချီလိတ်တွင် စိတ်ကြွမူးယစ်ဆေး ငွေကျပ် ၃ ဘီလီယံကျော်ဖိုး ဖမ်းဆီးမိ
Donate to DVB

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ  ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နဲ့  အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလို ဖမ်းဆီးရမိတယ်လို့  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC) က နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မူးယစ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၁ ရက် ညနေ ၅ နာရီလောက်မှာ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ စိုင်းကျိုင်း(ခ)ရဲလမ်း ရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးတွေ သိုဝှက်ထားကြောင်း သတင်းအရရှာဖွေခဲ့တာပါ။ 

ရှာဖွေရာမှာ စိုင်းရီလွတ်နဲ့ အိုက်ကောင် တို့ ၂ ယောက်ကို ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၀၃၆ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလို၊ အနံ့မှုန့် Vanillin ၇၅ ကီလို၊ အနံ့ဆေးရည် ၃၆၀ လီတာ၊ ISUZU D-MAX မော်တော်ယာဉ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့က ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ အိမ်ပိုင်ရှင် စိုင်းကျိုင်း(ခ)ရဲလမ်းနဲ့  လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာနေ အန်းဂျေလို တို့ ၂ ယောက်ဟာ  တာချီလိတ်နယ်စပ်မှာ အရောင်းအဝယ်ပြုလုပ်ဖို့  မူးယစ်ဆေးဝါးတွေကို သိုဝှက်ထားတာလို့ သိရပါတယ်။

နိုဝင်ဘာ ၁ ရက်ကလည်း တာချီလိတ်မြို့နယ်၊ ဟွေရုန်းကျေးရွာအနီးတွင် မြလှ မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၀) ဖမ်းမိခဲ့ပါတယ်။

ဒါအပြင် အောက်တိုဘာလ ၃၀ ရက်ကလည်း တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်မှာ လော်ဗျောင် မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၇၀)ကို  တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းမိထားသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါးတွေ၊ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးဆောင်ရွက်နေတယ်လို့ မူးယစ်တပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013