DVB Logo
Home
မြန်မာသတင်း
UWSA က ထိုင်းဘဏ်စာရင်းများ အသုံးချပြီး ငွေကြေးခဝါချနေဟု ထိုင်းအမတ်ပြော 
DVB
·
November 5, 2024
UWSA က ထိုင်းဘဏ်စာရင်းများ အသုံးချပြီး ငွေကြေးခဝါချနေဟု ထိုင်းအမတ်ပြော 
Donate to DVB

‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ဟာ ငွေကြေးခဝါချတဲ့ ကိစ္စတွေအတွက် ထိုင်းဘဏ်တွေကို အသုံးချနေတယ်လို့ ထိုင်းလွှတ်တော် ကိုယ်စားလှယ်တယောက်က DVB ကို ပြောပါတယ်။

ထိုင်းအောက်လွှတ်တော်အမတ်လည်းဖြစ်၊ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ရန်စီမန် ရုမ်းမ်က ခုလိုပြောလိုက်တာဖြစ်ပြီး UWSA  တာဝန်ရှိသူတွေဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုကနေ ရရှိလာတဲ့ ၀င်ငွေတွေကို ခဝါချဖို့အတွက် ထိုင်းဘဏ်စာရင်းတွေကို အသုံးပြုနေတာလို့ ဆိုပါတယ်။

အဲဒီထဲမှာတော့ ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံ တာချီလိတ်ဘက်ကို နယ်စပ်ဖြတ်ကျော် အသုံးပြုရာမှာ ပေးဆောင်ရမယ့် ရန်ပုံငွေ သုံးစွဲတာတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ 

“ဒီလိုပြဿနာမျိုးက မယ်ဆိုင်မှာတင် ဖြစ်နေတာမဟုတ်ဘူး။ နေရာတော်တော်များများမှာ ဖြစ်နေတာကြောင့် ထိုင်းဟာ အခုဆိုရင် ကမ္ဘာမှာ တရားမဝင် လှုပ်ရှားမှုတွေရဲ့ အခရာ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျနော်တို့ဟာ ငွေလိမ်ဂိုဏ်းတွေ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေရဲ့ အခရာပါပဲ။”

UWSA က တရားဝင် အုပ်ချုပ်တဲ့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းလို့ လူသိများတဲ့ နယ်မြေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံနယ်စပ်မှာ ရှိနေတာပါ။ အခုလို ငွေကြေးခဝါချတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဘဏ်တွေနဲ့  UWSA  ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးက ပြီးခဲ့တဲ့ လတုန်းက ထုတ်ပြန်ချက်အရ ချင်းမိုင်၊ ချင်းရိုင်နဲ့ မယ်ဟောင်ဆောင်ခရိုင်တွေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အရေအတွက်ဟာ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ ၁၇၂ ရာခိုင်နှုန်း တိုးလာတယ်လို့  ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013