DVB Logo
Home
နိုင်ငံတကာ
တနေ့ ဒေါ်လာ ၁ သန်းပေးသည့် အီလွန်မတ်စ်ခ် အစီအစဉ် ဆက်လုပ်နိုင်ဟု တရားသူကြီး ဆုံးဖြတ်
DVB
·
November 5, 2024
တနေ့ ဒေါ်လာ ၁ သန်းပေးသည့် အီလွန်မတ်စ်ခ် အစီအစဉ် ဆက်လုပ်နိုင်ဟု တရားသူကြီး ဆုံးဖြတ်
Donate to DVB

အမေရိကန်ရွေးကောက်ပွဲအတွက် အဆုံးအဖြတ်ပြည်နယ်တွေမှာ တနေ့ကို ဒေါ်လာတသန်း giveaway ပေးတဲ့ အီလွန်မတ်စ်ခ်ရဲ့ အစီအစဉ် ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် တရားသူကြီးတယောက်က ဆုံးဖြတ်လိုက်ပါတယ်။

အီလွန်မတ်စ်ခ်ရဲ့ America PAC အဖွဲ့ဟာ မဲပေါက်သူကို ကျပန်းရွေးချယ်တာမဟုတ်ဘဲ ထရမ့်ပ်အတွက် မဲဆွယ်ပေးမယ့်သူကို ရွေးပြီးပေးတာဖြစ်တယ်လို့ ကြားနာမှုမှာ ဝန်ခံခဲ့ပါတယ်။

ဖီလာဒဲဖီးယားမြို့နယ် ဥပဒေအရာရှိက အခုလိုလုပ်တာဟာ တရားမဝင်ထီဖွင့်ရာ ရောက်တယ်ဆိုပြီး စွပ်စွဲခဲ့တာဖြစ်ပါတယ်။

မဲပေါက်သူကို ကျပန်းရွေးတယ်လို့ ဘီလီယံနာသူဌေးကြီး မတ်စ်ခ်က ပြောခဲ့ပေမဲ့ အခုကျမှ လူရွေးပြီးပေးတယ်လို့ သူ့ရှေ့နေအဖွဲ့က ဝန်ခံတာဖြစ်ပါတယ်။

America PAC ရဲ့ တောင်းဆိုလွှာကို ထောက်ခံလက်မှတ်ထိုးတဲ့ အဆုံးအဖြတ် ၇ ပြည်နယ်က မဲဆန္ဒရှင်တွေကို မဲဖောက်ပေးတာဖြစ်ပါတယ်၊ ဒါပေမဲ့ အဲဒီလို လက်မှတ်ထိုးဖို့ ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲ မဲပေးဖို့ မှတ်ပုံတင်ထားသူလည်း ဖြစ်ဖို့လိုပါတယ်။

အမေရိကန်ဥပဒေအရ မဲပေးဖို့အတွက် မက်လုံးပေးခွင့် မရှိတဲ့အတွက် တဖက်လှည့်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို တဖက်လှည့် လုပ်ဆောင်မှုဟာလည်း တရားမဝင်ထီဖွင့်ရာ ရောက်တယ်လို့ စွပ်စွဲခံရချိန်မှာတော့ ထီဖွင့်တာမဟုတ်ဘဲ ရွေးပေးတာလို့ ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

မတ်စ်ခ်ဟာ ဒေါ်လာ ၁၆ သန်းအထိ မဲဖောက်ပေးခဲ့ပြီးဖြစ်သလို မီရှီဂန်ပြည်နယ်က နောက်ဆုံးမဲပေါက်တဲ့သူကို ရွေးကောက်ပွဲနေ့မှာ ကြေညာဖို့ စီစဉ်ထားပါတယ်။

America PAC ဒါရိုက်တာဖြစ်သူ ခရစ်ယန်းက အဖွဲ့အတွက် ဗီဒီယိုတွေထဲမှာ ပါဝင်တဲ့ သူတွေထဲက ရွေးတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလူတွေ လူမှုကွန်ရက်ပို့စ်တွေကို စစ်ဆေးကြည့်ပြီး ပြင်ပမှာ တွေ့ဆုံညှိနှိုင်းပြီးမှသာ သူတို့ ပုံရိပ်အသုံးပြုခွင့်ပေးတဲ့သူကိုသာ ရွေးချယ်တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဒါဆိုရင် ဒီက တရားမဝင်ထီမဟုတ်ဘဲ လိမ်လည်မှုဖြစ်သွားပြီလို့ တရားစွဲတဲ့ ဥပဒေရုံးဘက်က ရှေ့နေက ဝေဖန်ပါတယ်။ အဲဒီလိုဆိုရင် အနှစ် ၅၀ အတွင်း အကြီးဆုံးလိမ်လည်မှုကြီး ဖြစ်သွားပြီလို့လည်း စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့  ထီဖွင့်တာမဟုတ်တဲ့အတွက် ဆက်လက်လုပ်ဆောင်ဖို့ တရားရုံးက ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013