
သားဖြစ်သူ တိုက်စစ်မှူး ဆီမြွန်နီ သွင်းဂိုးစတင်ရရှိခဲ့တဲ့အပေါ် ဖခင်ဖြစ်တဲ့ နည်းပြ ဆီမြွန်နီက ချီးကျူးသွားပါတယ်။
အက်သလက်တီကိုက လက်စ်ပါမက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ လာလီဂါပွဲစဉ်မှာ တိုက်စစ်မှူး ဆီမြွန်နီက ပွဲထွက်ကစားခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့တာပါ။
သွင်းဂိုးစတင်ရရှိခဲ့တာက အသက် ၂၁ နှစ်အရွယ် သားဖြစ်သူရဲ့ တိုးတက်မှုအတွက် အရေးပါပြီး ဂူလီယာနို ဆီမြွန်နီဟာ လေ့ကျင့်ရေးကွင်းမှာလည်း အကောင်းဆုံးကြိုးစားသူ ဖြစ်ကြောင်း နည်းပြ ဒီယေဂိုဆီမြွန်နီက ပြောပါတယ်။
အသင်းလူစာရင်းမှာ သားဖြစ်သူ ရှိနေပေမဲ့ ကစားသမားအားလုံးကို ခွဲခြားပြီးမမြင်ဘဲ တပြေးညီသာမြင်ကြောင်း နည်းပြ ဆီမြွန်နီက ပြောသွားပါတယ်။










