တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ဘာစီလိုနာအသင်းထံ ရောင်းချသွားဖို့ ရာခိုင်နှုန်း မရှိသလောက် နည်းပါးတယ်လို့ အက်သလက်တီကိုမက်ဒရစ်အသင်းက ဩဂုတ် ၂၇ ရက်မှာ အခိုင်အမာ ပြောကြားလိုက်တယ်လို့ BBC အားကစားသတင်းက ဖော်ပြပါတယ်။
ဘာစီလိုနာ ဥက္ကဋ္ဌ ဂျိုရန် လာပေါ်တာက အယ်လ်ဗာရက်ဇ်အတွက် ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းထားတဲ့ အဆိုပြုချက် ဆက်ရှိနေသေးကြောင်း ပြောကြားခဲ့တာကို အက်သလက်တီကိုအသင်းက ပြင်းပြင်းထန်ထန် ပြန်လည်ချေပခဲ့တာပါ။
အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေပေမဲ့ ကစားသမားကတော့ စပိန်မှာသာ ဆက်လက်နေထိုင်ချင်နေတယ်လို့ သိရပါတယ်။











