DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်ရိက္ခာကား မိုင်း ၂ ကြိမ်ဆွဲခံရ
DVB
·
November 3, 2024
တနင်္သာရီတွင် စစ်တပ်ရိက္ခာကား မိုင်း ၂ ကြိမ်ဆွဲခံရ
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီရိက္ခာကား ၄ စီးကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၃ တနင်္သာရီရိုးမ အဖွဲ့ဆီက သိရပါတယ်။

‌နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်လောက်က မြိတ်ဘက်ကနေတက်လာတဲ့ စစ်ကောင်စီရိက္ခာကား ‌ ၄ စီးကို ဘန်းလမွတ်ကျေးရွာအုပ်စုထဲက ရမ်းဖိုရွာနဲ့ ချောင်းညီကို ရွာကြားမှာ မြိတ်ပကဖအဖွဲ့နဲ့ တနင်္သာရီမြို့နယ်ပကဖ ဇုန် ၃ တနင်္သာရီရိုးမအဖွဲ့တို့က ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ရိက္ခာကား ၄ စီး ဘန်းလမွတ်ကျေးရွာနားရောက်တဲ့အချိန် တနင်္သာရီမြို့နယ် ပကဖ ဇုန် ၅ တောပုန်းကြီးအဖွဲ့က ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ် ပကဖ ဇုန် ၃ တနင်္သာရီရိုးမအဖွဲ့ရဲ့ တာဝန်ခံတယောက်က “ရိက္ခာကားကို ကျနော်တို့မိုင်းဆွဲပြီးတာနဲ့ တောပုန်းကြီးအဖွဲ့က ဘန်းလမွတ်ဘက်မှာ မိုင်းထပ်ဆွဲတယ်။ ကားတော့ မရပ်နားဘဲ ရှေ့ဆက်သွားတာပါ။ မိုင်းက ၂ တွဲဆွဲတယ်။ တောပုန်းကြီးက ၁ တွဲ၊ ကျနော်တို့က ၁ တွဲစီဆွဲတာပါ” လို့ ပြောပါတယ်။

မိုင်းဆွဲခံရပြီး စစ်ကောင်စီရိက္ခာကား ၄ စီးထဲက အရှေ့ကားတစီးရဲ့ ကားမှန်တွေ ကွဲကြေခဲ့တယ်လို့သိရပြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီးနောက် တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် ၃ဝ၆ အမြောက်တပ်ရင်းထဲကို ဝင်ရောက်သွားတယ်လို့ ပြောပါတယ်။

ဘန်းလမွတ်ကျေးရွာမှာ နိုဝင်ဘာ ၂ ရက်နေ့ကတည်းက ဇဝဲရွာဘက်ကတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက ဝင်ရောက်ပြီး စာသင်ကျောင်းနဲ့ ဘုရားစေတီတောင်ပေါ်တွေမှာ အင်အားအများအပြားနဲ့ တပ်စွဲထားတယ်လို့  ဘန်းလမွတ်ရွာဒေသခံတယောက်က ပြောပါတယ်။

“အခုလက်ရှိ စာသင်ကျောင်းနဲ့ ဘုရားတောင်ပေါ်မှာ တပ်စွဲထားတာပါ။ အင်အားဘယ်လောက် ပါတယ်ဆိုတာကိုတော့ မသိရသေးဘူးတဲ့။ မနေ့ကလည်း တော်လှန်ရေးဘက်က မိုင်းဆွဲလိုက်လို့ စကစဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတော့ ဖြစ်သွားသေးတယ်” လို့ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်းဟာ ဘန်းလမွတ်ကျေးရွာ လမ်းမတလျှောက်မှာ လမ်းကင်းတွေချထားပြီး စစ်ကြောင်းထိုးနေတာရှိတဲ့အတွက် စစ်ရေးပြန်တင်းမာလာနေတယ်လို့ သိရပါတယ်။

ဘန်းလမွတ်ကျေးရွာအုပ်စုဟာ မြိတ်-တနင်္သာရီ ကားလမ်းမပေါ်မှာရှိပြီး တိုက်ပွဲထိတွေ့မှု မကြာခဏဖြစ်လေ့ရှိသလို လတ်တလောမှာတော့ ည‌ ‌၆ နာရီဝန်းကျင်လောက်ကစပြီး ခရီးသွားလာတာတွေမလုပ်ကြဖို့ တော်လှန်ရေး‌တပ်ဖွဲ့တွေကနေ သတိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013