
စပိန်နိုင်ငံအရှေ့ပိုင်း ရေကြီးမှုကို ကူညီဖို့ ထောင်နဲ့ချီတဲ့ ကူညီသူတွေက ရေဘေးသင့်နေရာတွေမှာ လုပ်အားပေး ရှင်းလင်းခဲ့ကြပါတယ်။
နှစ်ပေါင်း ၅၀ အတွင်း ဥရောပတိုက်ရဲ့ အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တာ ကြောင့် စပိန်နိုင်ငံမှာ လူပေါင်း ၂၀၅ ဦးအထိ သေဆုံးခဲ့ပြီး လက်ရှိအချိန်မှာ အပျက်အစီး ရှင်းလင်း မှုတွေကို လုပ်အား ပေးတွေရဲ့ အကူအညီနဲ့ လုပ်ကိုင်နေကြပါတယ်။
“ထောင်နဲ့ချီတဲ့ လုပ်အားပေးတွေက ရေကြီးမှုဒဏ်ခံရတဲ့နေရာတွေ မှာ ကူညီဖို့ ရောက်နေကြပါပြီ။ ဒါက အံ့အားသင့်စရာကောင်းသလို နွေးထွေးမှုကို ပြသတာလည်း ဖြစ်ပါတယ်” လို့ ဒပ်ချပ်လူမျိုး လုပ်အားပေး တယောက်ဖြစ်တဲ့ ဘတ်က ပြောပါတယ်။
ကတ်တီလာလာမန်ချာနဲ့ အန်ဒါလူဆီယာတို့မှာ လူသေဆုံးမှု များခဲ့ပြီး စပိန်ရေကြီးမှုရဲ့ လူသေဆုံးမှုဟာ ၁၉၇၀ ပြည့်နှစ် လူ ၂၀၉ ဦး သေဆုံးခဲ့ ရိုမေးနီးယားနိုင်ငံ ရေကြီးမှု ဖြစ်စဉ်လောက်ကို ရှိခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီနိုင်ငံမှာလည်း ၁၉၆၇ ခုနှစ်က ရေကြီးမှုကြောင့် လူပေါင်း ၅၀၀ နီးပါး သေဆုံးခဲ့ ရဖူးပါတယ်။
ရေကြီးမှုပြန်လည်ကယ်ဆယ်ရေးလုပ်ငန်းမှာ စစ်သား ၅၀၀ လည်း လုပ်အား ပေးအဖြစ်ပါဝင်ခဲ့ပြီး ပျောက်ဆုံးသူတွေနဲ့ ကျန်ရစ်သူတွေကို ကူညီကယ်ဆယ်မှုတွေ ဆောင်ရွက်နေပါတယ်။
ရေကြီးမှုနောက်ဆက်တွဲအဖြစ် ဗလင်စီယာတောင်ပိုင်းမှာလည်း သောက်သုံးရေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရေကြီးမှုကြောင့် ကားတွေ အစုလိုက်အပြုံလိုက် တူးမြောင်းတွေထဲမှာ ပိတ်မိနေမှုကို မီးသတ်သမားတွေက ရှင်းလင်းနေပါတယ်။
မီးလောင်မှုကို ကာကွယ်ဖို့ ကားတွေထဲက ဓာတ်ဆီတွေကိုလည်း စုတ်ထုတ်ကာ အပျက်အစီး ရှင်းလင်းမှုတွေ ဆောင်ရွက်နေပါတယ်။
ဆိုးရွားတဲ့ ရေကြီးမှုနဲ့ ပတ်သက်လို့ အစိုးရရဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းတဲ့အအပေါ် ပြည်သူ တွေက ဝေဖန်နေကြပါတယ်။
Source:Reuters











