DVB Logo
Home
နိုင်ငံတကာ
အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ
DVB
·
November 2, 2024
အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ
Donate to DVB

အာဂျင်တီးနားနိုင်ငံဟာ ကုလသမဂ္ဂမှာ ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းဖို့ ထောက်ခံမဲပေးပြီးနောက်မှာ အာဂျင်တီးနားသမ္မတ ဟာဗီးယားမီလေ့ ဟာ နိုင်ငံခြားရေးဝန်ကြီး ဒီယာနာမွန်ဒီနို ရဲ့ နေရာကို အစားထိုးလိုက်ပြီဖြစ်ကြောင်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ မာနူယယ် လာဒေါန်က ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ အာဂျင်တီးနားသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဟယ်ရားဒိုး ဗယ်ဟိုင်န်ကို အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစားထိုးမှာဖြစ်ကြောင်း မာနူယယ်လာဒေါန်က ပြောပါတယ်။

အာဂျင်တီးနားအစိုးရရဲ့ ထုတ်ပြန်ချက်မှာ အာဂျင်တီးနားနိုင်ငံဟာ ကျူးဘားအာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားထားပြီး ရန်သူတွေရဲ့ လွတ်လပ်ရေးအစီအစဉ်တွေကို မြှင့်တင်ပေးသူတွေကို ဖော်ထုတ်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းခွင်ဝန်ထမ်း‌တွေကိုလည်း စစ်ဆေးသွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

အာဂျင်တီးနားသမ္မတ မီလေ့ရဲ့ ပထမဆုံး အတည်ပြုခဲ့တဲ့ အစိုးရအဖွဲ့ဝင်တယောက်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒီယာနာမွန်ဒီနိုဟာ ဘရာဇီးနဲ့တရုတ်တို့လို နိုင်ငံတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ရန်မီးပွားစရာ မှတ်ချက်စကားတွေ ပြောကြားနေချိန်တုန်းကလည်း နိုင်ငံတကာမိတ်ဖက်တွေနဲ့ သံတမန်ဆက်ဆံရေး ချောမွေ့စေဖို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013