DVB Logo
Home
နိုင်ငံတကာ
စပိန်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၅၈ ဦးအထိ မြင့်တက်
DVB
·
November 1, 2024
စပိန်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၅၈ ဦးအထိ မြင့်တက်
Donate to DVB

စပိန်နိုင်ငံမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၁၅၈ ယောက်အထိ ရှိလာပါတယ်။  ဗလင်စီယာမှာပဲ စံချိန်တင်သေဆုံးမှု ၁၅၅ ယောက်ရှိခဲ့ကာ အနောက်ပိုင်းမှာ ၂ ယောက် သေဆုံးတယ်လို့ စာရင်းရထားပါတယ်။

ဗလင်စီယာမှာရှိတဲ့ ပိုင်ပေါ်တာမြို့မှာပဲ သေဆုံးသူ ၄၀ အထိ ရှိခဲ့ပြီး မြစ်ကမ်းဘေးနဲ့ နီးစပ်တဲ့မြို့တွေမှာ သေဆုံးသူ ပိုများပါတယ်။

ကြာသပတေးနေ့က အလုပ်သမား ၁,၂၀၀ ကျော်က ရှာဖွေမှုမှာ ပါဝင်ခဲ့ပြီး ဒရုန်းတွေနဲ့လည်း ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိအချိန်က အသက်ရှင်ကျန်ရစ်သူတွေကို အဓိက ကယ်တင်ဖို့ အရေးကြီးတယ်လို့  ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်က ဆိုပါတယ်။

ဗလင်စီယာမှာ ၈ နာရီကြာ မိုးသည်းထန်မှုကြောင့် ရေကြီးမှုတွေ ဖြစ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာပဲ သေဆုံးသူ အရေအတွက် ၉၀ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ တနှစ်စာရွာတဲ့ မိုးရေချိန်ပမာဏကို ၈ နာရီအတွင်း ရွာသွန်းခဲ့တာဖြစ်တယ်လို့လည်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဒီရေကြီးမှုမှာ လူသေဆုံးမှု များပြားတာနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတယ်ဆိုတဲ့ ဗလင်စီယာမှာရှိတဲ့ ဆင်ခြေဖုံးဒေသမှာ နေထိုင်သူတွေလည်း သဘာဝဘေးနဲ့ပတ်သက်ပြီး သတင်းအပြည့်အစုံ မရရှိမှုကြောင့် သေဆုံးခဲ့ရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

အတိုက်အခံပါတီကတော့ မက်ဒရစ်မြို့မှာလည်း အစိုးရရဲ့ သတိပေးချက်ထုတ်ပြန်မှု နှောင့်နှေးတာနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း နှေးကွေးတယ်ဆိုပြီး ဝေဖန်ထားပါတယ်။

စပိန်နိုင်ငံ ရေကြီးမှုဟာ ၁၉၇၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရေကြီးမှု ဖြစ်ခဲ့သလို လူသေဆုံးမှုလည်း အများဆုံးဖြစ်ခဲ့ပြီး ၁၀ စုနှစ် ၅ ခုအတွင်း ဥရောပရဲ့ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ် ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013