DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ်ကို နှစ် ၃၀ အတွင်း အကြီးဆုံးမုန်တိုင်း ဝင်ရောက်
DVB
·
October 31, 2024
ထိုင်ဝမ်ကို နှစ် ၃၀ အတွင်း အကြီးဆုံးမုန်တိုင်း ဝင်ရောက်
Donate to DVB

အင်အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ကောင်-ရေးဟာ အောက်တိုဘာ ၃၁ ရက်မှာ ထိုင်ဝမ် အရှေ့ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ပါတယ်။

ကျွန်းပေါ်မြို့တွေအားလုံးမှာ ပိတ်ရက်ကြေညာထားပြီး ဘဏ္ဍာရေးစျေးကွက်တွေလည်း ပိတ်ထားရသလို လေကြောင်းခရီးစဉ် ရာနဲ့ချီ ရွှေ့ဆိုင်းထားပါတယ်။

ထိုင်ဝမ်ကျွန်းကို ဝင်ခဲ့သမျှ မုန်တိုင်းတွေထဲမှာ အနှစ် ၃၀ အတွင်း အရွယ်အစားအရ အကြီးဆုံးမုန်တိုင်း ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

မုန်တိုင်းဟာ တိုင်းတောင်နဲ့ ဟွေ့လျန်ခရိုင်ကြားက  တောင်ထူထပ်ပြီး လူနေကျဲတဲ့နေရာကို ဝင်ရောက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လေပြင်းနဲ့ မိုးသက်မုန်တိုင်းဒဏ်ကို တကျွန်းလုံး ခံစားရမယ်လို့ ထိုင်ဝမ် မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

စူပါတိုင်ဖွန်းအဆင့်အထိပါ ရောက်သွားတဲ့ ကောင်-ရေး မုန်တိုင်းဟာ ၃၀ ရက် ညပိုင်းမှာ အနည်းငယ် အားပျော့သွားခဲ့ပေမဲ့ အဆင့် ၄ ဟာရီကိန်းမုန်တိုင်းနဲ့ ညီမျှတဲ့ အင်အားမျိုး ရှိနေဆဲဖြစ်ပြီး တနာရီ ကီလိုမီတာ ၂၅၀ ကျော်တဲ့ လေပြင်းတွေ တိုက်ခိုက်နိုင်ခြေ ရှိပါတယ်။

ထိုင်ဝမ်မိုးလေဝသဌာနကတော့ ‘အားကောင်းတဲ့ တိုင်ဖုန်း’ လို့ အဆင့်သတ်မှတ်ပြီး ဒါဟာ ထိုင်ဝမ်အတွက်  အားအကောင်းဆုံး မုန်တိုင်းအဆင့် သတ်မှတ်ချက်ဖြစ်ပြီး ၁၉၉၆ နောက်ပိုင်း အကြီးဆုံး အရွယ်အစားရှိတဲ့ မုန်တိုင်းလို့ပါ သတ်မှတ်ထားပါတယ်။

နိုင်ငံတွင်းကလူတိုင်း ဘေးကင်းအောင်လို့ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းနဲ့ တိုင်ဖွန်းတိုက်နေတဲ့အချိန် လှိုင်းထွက်ကြည့်တာလို အန္တရာယ်မကင်းတဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က မေတ္တာရပ်ခံထားပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ကယ်ဆယ်ရေးအတွက် စစ်သည် ၃၆,၀၀၀ အသင့်ပြင်ထားပြီး အန္တရာယ်ရှိတဲ့နေရာက လူ ၁,၃၀၀ လောက် ကြိုရွှေ့ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013