DVB Logo
Home
နိုင်ငံတကာ
BYD တရုတ်ကားကုမ္ပဏီက အသားတင်အမြတ်တွင် Tesla ကို ပထမဆုံးကျော်တက်
DVB
·
October 31, 2024
BYD တရုတ်ကားကုမ္ပဏီက အသားတင်အမြတ်တွင် Tesla ကို ပထမဆုံးကျော်တက်
Donate to DVB

BYD တရုတ်လျှပ်စစ်ကားကုမ္ပဏီက အဓိကပြိုင်ဘက်ဖြစ်တဲ့ Tesla ကို ပထမဆုံးအကြိမ် ကျော်တက်ပြီး အသားတင်အမြတ် ၁၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အရောင်းသွက်ခဲ့တယ်လို့ အောက်တိုဘာ ၃၀ ရက်မှာ တရားဝင်ထုတ်ပြန်ပါတယ်။

တတိယသုံးလပတ် ကာလအတွင်း BYD ဟာ ဒေါ်လာ ၂၈ ဒသမ ၂ ဘီလီယံအထိ ဝင်ငွေရရှိခဲ့တယ်လို့ ဟောင်ကောင် စတော့အိတ်ချိန်းအရ သိရပါတယ်။

လွန်ခဲ့တဲ့အပတ်မှာ အမေရိကန်ကုမ္ပဏီဖြစ်တဲ့ Tesla ကလည်း သုံးလပတ်ဝင်ငွေကို ၂၅ ဒသမ ၂ ဘီလီယံရှိကြောင်း ထုတ်ပြန်ခဲ့တဲ့အတွက် BYD က အသာရခဲ့တာပါ။

တချိန်တည်းမှာ တရုတ်ကားကုမ္ပဏီအသီးသီးက ပြည်ပစျေးကွက်ကို ချဲ့ထွင်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် BYD ဟာ ပိုပြီးအရေးပါလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် BYD ရဲ့ အသားတင်အမြတ်ဟာ ၁ ဒသမ ၆ ဘီလီယံ ရှိခဲ့တဲ့အလျောက် ပေကျင်းနဲ့ အနောက်အုပ်စုကြားက ကုန်သွယ်ရေးအငြင်းပွားမှုကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ ဆိုပါတယ်။

ဘီလီယံနာ အီလွန်မတ်စ်ခ်ရဲ့ Tesla ကတော့ အမြတ်ငွေ ၂ ဒသမ ၂ ဘီလီယံ ရရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ် ကာလတူထက် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။

‘Build Your Dreams’ အမည်ရ BYD ဟာ ကမ္ဘာ့အကြီးဆုံးကားစျေးကွက်ဖြစ်တဲ့ တရုတ်ပြည်မကြီးမှာတောင် အထင်ရှားဆုံး လျှပ်စစ်ကားထုတ်လုပ်သူ ဖြစ်ပါတယ်။

BYD အပါအဝင် တခြား တရုတ်ကုမ္ပဏီတွေက ပေကျင်းအစိုးရရဲ့ ထောက်ပံ့မှုများစွာကို လက်ခံရရှိနေတဲ့အတွက် အခုလိုမျိုး အလျင်အမြန် တိုးတက်လာတာဖြစ်ကြောင်း စွပ်စွဲထားပါတယ်။

ဒါဟာ တရားမျှတမှုမရှိတဲ့ ပြိုင်ဆိုင်မှုဖြစ်တယ်ဆိုပြီး ဥရောပသမဂ္ဂ (EU) က တရုတ် လျှပ်စစ်ကားတွေကို ၄၅ ဒသမ ၃ ရာခိုင်နှုန်းအထိ သွင်းကုန်ခွန် တိုးကောက်မယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013