DVB Logo
Home
နိုင်ငံတကာ
စပိန်တွင် မိုးသည်းထန် ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ နီးပါး ရှိလာ
DVB
·
October 31, 2024
စပိန်တွင် မိုးသည်းထန် ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ နီးပါး ရှိလာ
Donate to DVB

စပိန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေကြောင့် လူ ၉၅ ယောက် သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးမှုဟာ ၂၀၂၁ ခုနှစ်က ဂျာမနီမှာ ၁၈၅ ယောက် သေဆုံးခဲ့ပြီးနောက် ဥရောပရဲ့ အဆိုးရွားဆုံး သေဆုံးမှုနဲ့ ရေကြီးမှုဖြစ်ပါတယ်။

စပိန်နိုင်ငံမှာ ၁၉၉၆ ခုနှစ် ရေကြီးမှုမှာ ၈၇ ယောက် သေဆုံးခဲ့ပြီးနောက် သေဆုံးမှုအများဆုံး ပမာဏလည်း ဖြစ်ပါတယ်။

ဗလင်စီယာမြို့ အရှေ့ပိုင်းမှာ ရေကြီးမှုကြောင့် တံတားတွေနဲ့ အဆောက်အဦးတွေ ရေတိုက်စားတဲ့ဒဏ်ကို ခံခဲ့ရပါတယ်။

အင်္ဂါနေ့က ၈ နာရီကြာ မိုးရွာသွန်းမှုက အဝေးပြေးလမ်းတွေနဲ့ ပြည်နယ်တခုလုံးက စိုက်ခင်းတွေ နစ်မြုပ်ကုန်ပါတယ်။

ဗလင်စီယာဟာ လိမ္မော်၊ သံပရာ စတဲ့ သီးနှံထုတ်လုပ်မှုဟာ စပိန်နိုင်ငံရဲ့ ထုတ်လုပ်မှု တဝက်ကျော်ရှိတာကြောင့် ဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။

ရေကြီးအခံရဆုံး နေရာတွေမှာ ရွှံ့ရေတွေ လမ်းတွေပေါ်တက်လာလို့ ဒေသခံတွေဟာ ကားခေါင်မိုးတွေပေါ် ခက်ခက်ခဲခဲ တက်ခဲ့ရတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနေရာတွေမှာ သစ်ပင်တွေ အမြစ်ကနေ မျောပါတာတွေ၊ အဆောက်အဦအင်္ဂတေတွေ အချပ်လိုက် ရေတိုက်စားခံရတာမျိုးတွေလည်း ဖြစ်ခဲ့ပါတယ်။

တချို့နေရာတွေမှာ ရေအနက် ၆ ပေကျော်ရှိတယ်လို့ ကယ်ဆယ်ရေးတွေကို စောင့်ဆိုင်းခဲ့ရတဲ့ ဒေသခံတယောက်က ဆိုပါတယ်။

စပိန်ကာကွယ်ရေးဝန်ကြီး ရိုဘယ်က ၁,၀၀၀ ကျော်ပါတဲ့ တပ်စုတစုကို ကယ်ဆယ်ရေးလုပ်ဖို့ တာဝန်ပေးထားပြီး ကြာသပတေးနေ့က စတင်ကာ ရွှံ့တွေ၊ အကျိုးအပဲ့တွေကြားမှာ အနံ့ခံခွေးတွေ အသုံးပြုပြီး ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က အဆောက်အဦတွေ ပြန်လည်တည်ဆောက်ပေးမယ်လို့ ရုပ်သံမိန့်ခွန်းတခုမှာ ကတိပြုထားပါတယ်။

ဝေဟင်ရုပ်သံမှတ်တမ်းတွေအရ တံတားတွေကျိုးပျက်ပြီး ကုန်တင်ကားတွေလည်း အဝေးပြေးလမ်းမှာ စုပုံနေတာ တွေ့ရပါတယ်။

ရေကြီးမှုတွေကြောင့် မက်ဒရစ်နဲ့ ဘာစီလိုနာမြို့က ရထားလိုင်းတွေ ဖျက်သိမ်းခဲ့ရပြီး ကျောင်းတွေနဲ့ တခြားလုပ်ငန်းတွေလည်း နားထားရပါတယ်။

ရေကြီးမှုကြောင့် ဗလင်စီယာမှာ လူပေါင်း ၁၅၀,၀၀၀ ကျော် မီးပျက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဗလင်စီယာမှာရှိတဲ့ တူရစ်၊ ချီဗာ၊ ဘူနောလ်တို့မှာ မိုးရေချိန် ၁၅ လက်မအထိ စံချိန်တင်ရွာသွန်းခဲ့ကာ အဲဒီဒေသတွေကို အနီရောင်အဆင့် ကြေညာခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013