DVB Logo
Home
နိုင်ငံတကာ
ဒေါ်လာ ၁ သန်း မဲဖောက်သည့်ကိစ္စ အီလွန်မတ်စ်ခ်ကို တရားရုံးဆင့်ခေါ်
DVB
·
October 31, 2024
ဒေါ်လာ ၁ သန်း မဲဖောက်သည့်ကိစ္စ အီလွန်မတ်စ်ခ်ကို တရားရုံးဆင့်ခေါ်
Donate to DVB

အမေရိကန်သမ္မတရွေးကောက်ပွဲ အဓိကအဆုံးအဖြတ်ဖြစ်နိုင်တဲ့ ပြည်နယ်တွေက မဲဆန္ဒရှင်တွေကို တနေ့ တသန်း မဲဖောက်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ကို တရားရုံးက ဆင့်ခေါ်လိုက်ပါတယ်။

မတ်စ်ခ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ America PAC ဟာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က မဲဆန္ဒရှင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ မျှဝေပေးအောင် ဆွဲဆောင်ဖို့ ‘တရားမဝင်ထီ’ ဖွင့်နေတယ်လို့ ဖီလာဒဲဖီးယား ခရိုင်ရှေ့နေရုံးက တရားစွဲတာဖြစ်ပြီး ဒီအမှုကြားနာဖို့ တရားရုံးက နှစ်ဖက်စလုံးကို ဆင့်ခေါ်တာဖြစ်ပါတယ်။ 

ဒေါ်နယ်ထရမ့်ပ်အတွက် မဲဆွယ်ပေးနေတဲ့ မတ်စ်ခ်ဟာ သူ့အဖွဲ့ရဲ့ တောင်းဆိုလွှာမှာ လက်မှတ်ထိုးတဲ့သူတွေကို တနေ့ ဒေါ်လာတသန်း GIVEAWAY ပုံစံ မဲဖောက်ပေးတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီမှာ လက်မှတ်ထိုးဖို့ဆိုရင် မဲဆန္ဒရှင်အဖြစ် မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက ထရမ့်ပ် ထောက်ခံသူတွေ ရွေးကောက်ပွဲ မဲပေးဖို့ မှတ်ပုံတင်အောင် တဖက်လှည့်နဲ့ ဆွယ်တဲ့သဘော ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် မဲပေးဖို့ မက်လုံးပေးတာဟာ ဥပဒေနဲ့ မညီပါဘူး။ မဲပေးသူတွေကို ရေခဲမုန့် အခမဲ့ဝေတာတောင်မှ ဥပဒေနဲ့မညီတဲ့ ကိစ္စအဖြစ် တားမြစ်ခံရပါတယ်။

အခုလုပ်ရပ်ကျတော့ ဥပဒေနဲ့ညီ မညီဆိုတာ ပညာရှင်တွေအကြားမှာကို အငြင်းပွားနေပါတယ်။

ဥပဒေလက်တလုံးခြား လုပ်တာဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ မတ်စ်ခ်ရဲ့ သူ့ရဲ့ America PAC ကို အရေးယူဖို့ ခက်မယ်လို့လည်း သုံးသပ်တာတွေ ရှိနေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013