DVB Logo
Home
နိုင်ငံတကာ
မိုက်ကယ်ဂျက်ဆင် အပါအဝင် ဂီတဂန္ထဝင်များ၏ အသုံးအဆောင်များကို လေလံတင်မည်
DVB
·
October 31, 2024
မိုက်ကယ်ဂျက်ဆင် အပါအဝင် ဂီတဂန္ထဝင်များ၏ အသုံးအဆောင်များကို လေလံတင်မည်
Donate to DVB

ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ ဂျက်ကတ်တွေ အပါအဝင် နာမည်ကျော် ဂန္ထဝင်တွေရဲ့  အသုံးအဆောင် ပစ္စည်း ၃၅၀ ကျော်ကို  လာမယ့်လမှာ လေလံတင်ရောင်းချမှာ ဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ ဂျက်ကတ်အင်္ကျီ၊ အိုအေစစ်အဖွဲ့ဂစ်တာသမား နိုးလ်ဂါလက်ဟာရဲ့ ဂစ်တာ စတဲ့ နာမည်ကျော်တွေရဲ့ အမှတ်တရပစ္စည်းတွေကို လေလံတင်ရောင်းချမှာဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ Beat It သီချင်းလက်ရေးမူလည်း ဒီလေလံပွဲမှာ ပါဝင်မှာဖြစ်ပြီး အဲ့ဒီသီချင်းရိုက်ကူးရေးမှာ ဝတ်ဆင်ခဲ့တဲ့ အနီရောင် ဂျက်ကတ်အင်္ကျီလည်း ပါဝင်မှာဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ ဂျာကင်နဲ့ပတ်သက်ပြီး Propstore ဂီတစပယ်ရှယ်လစ် မာ့ခ်ဟော့ချ်မန်က “ဒီအင်္ကျီဟာ မိုက်ကယ်လက်မှတ်ထိုးထားတဲ့ စပယ်ရှယ်ဂျာကင်ပါ။ ဂျာကင်အထဲမှာလည်း ဂျွန်လန်ဒီလက် မှတ်ထိုး ပေးထားတာ ရှိပါတယ်။ ဂျာကင်ဒီဇိုင်းကလည်း သီချင်းကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ဂျွန်လန်ဒီရဲ့ ဇနီးက ဒီဇိုင်းထုတ်ပေးထားလို့ ထူးခြားပါတယ်။ ဒါ့ကြောင့် ဒီဂျာကင်က မိုက်ကယ်ဂျက်ဆင်အတွက် စပယ်ရှယ်ဂျာကင် ဖြစ်နေတာပါ”လို့ ပြောပါတယ်။

မိုက်ကယ် ဂျက်ဆင်ရဲ့ အမည်းနဲ့ ရွှေရောင်‌ပါဝင်တဲ့ စစ်ဘက်သုံးပုံစံဂျာကင်အင်္ကျီကို ပေါင် ၂ သိန်းကနေ ၄ သိန်း အထိ ရမယ်လို့ ခန့်မှန်းထားပါတယ်။

ရှေးခေတ်က စစ်သားတွေ ဝတ်ဆင်တဲ့ ဂျာကင်ကိုလည်း မိုက်ကယ်ဂျက်ဆင်က ကြိုက်နှစ်သက်ပြီး ကိုယ်တိုင်ဒီဇိုင်းထုတ်ပြီး ဝတ်ဆင်ခဲ့ဖူးပါတယ်။

အဲဒီအကြောင်းနဲ့ပတ်သက်ပြီး မာ်ခ်ဟော့ချ်မန်က “‌အက်ဒမ်၊ အန့် စစ်ဝတ်ဂျက်ကတ်ကို မိုက်ကယ်ဂျက်ဆင်က မဝယ်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဂျက်ကတ်ကို မိုက်ကယ်က အရမ်းကြိုက်ပါတယ်။ အဲ့တာကြောင့် သူအရမ်းကြိုက်တဲ့ ဂျက်ကတ်ပုံစံမျိုး ဒီဇိုင်းထုတ်ခိုင်းခဲ့ပြီး ဝတ်ဆင်ခဲ့တာပါ။ ဒီဂျက်ကတ်က မိုက်ကယ်ဂျက်ဆင်နဲ့တွဲပြီး နာမည်ကြီးပါတယ်”လို့ ပြောပါတယ်။

ဒီလေလံပွဲမှာ နိုးလ်ဂါလက်ပိုင်ဆိုင်တဲ့ ဂစ်တာ ၁၅ လက်ကိုလည်း ရောင်းချမှာ ဖြစ်ပါတယ်။ ဒါဟာ ပရော့စတိုးက စုဆောင်းထားတဲ့ အိုအေစစ်အဖွဲ့ရဲ့ ဂစ်တာတွေ အများဆုံးစုဆောင်းမှု လေလံပဲဖြစ်ပါတယ်။

အိုအေစစ်အဖွဲ့ စတင်ချိန်က တီးခတ်ခဲ့တဲ့ ဟွန်နာ ဂျေတီ ၆၀ ဂစ်တာကို ပေါင် ၂၅၀၀၀ ကနေ ၅၀၀၀၀ အထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အိုအေစစ်အဖွဲ့ရဲ့ ဂစ်တာတွေကိုလည်း ပရော့စတိုးမှာ စုဆောင်းထားတာနဲ့ ပတ်သက်ပြီး မာ့ခ်ဟော့ချ်မန်က ရှင်းပြခဲ့ပါသေးတယ်။

“အိုအေစစ်ဂစ်တာသမား နိုးဂါလက်ရဲ့ ဂစ်တာစုဆောင်းမှုလည်း ဒီလေလံမှာ ပါဝင်ပါတယ်။ ဒါ့အပြင် သူအသုံးပြုခဲ့တဲ့ JT60 လည်း လေလံပွဲမှာ ပါဝင်တာက ကျေနပ်စရာပါ။ ဒီတူရိယာတွေဟာ ၁၉၉၂ ခုနှစ်က အိုအေစစ်အဖွဲ့ အသုံးပြုခဲ့တာတွေဖြစ်လို့ ဈေးကွက်မှာ ဒီပစ္စည်းတွေ ရှိတာကို ကျေးဇူးတင်ရမှာပါ။ နိုးဂါလက်ရဲ့ ငွေရောင်ဂစ်ဆင်ဂစ်တာလည်း ဒီလေလံပွဲမှာ ပါဝင်ပါတယ်။ ဒီဂစ်တာက အကောင်းဆုံးဂစ်တာ တစ်လက်ပဲ ဖြစ်ပါတယ်။”

၁၉၆၂ ခုနှစ်က ဂျွန်လင်နွန်ရဲ့ ၁၉၆၂ ခုနှစ်က အသုံးပြုခဲ့တဲ့ အမ်ပလီဖိုင်ယာကို ပေါင် ၁ သိန်းကနေ ၂ သိန်းအထိ ရရှိမယ်လို့ ခန့်မှန်းထားပြီး Purple Rain အသံသွင်းတုန်းက ပရင့်ရဲ့ Synthesiser ကို ပေါင် ၁ သိန်း အထိ ရမယ်လို့ ခန့်မှန်းထားပါတယ်။ 

နိုဝင်ဘာ ၁၅ ရက်မှာ ကျင်းပမဲ့ လေလံပွဲမှာ ပေါင် ၂ သန်း အထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလေလံပွဲကို ပရော့စတိုးက စီစဉ်တာဖြစ်ပြီး နာမည်ကြီး ဂီတသမားတွေရဲ့ အမှတ်တရပစ္စည်း ၃၅၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။ ၄ ရက်ကြာ ကျင်းပမဲ့ ဒီလေလံပွဲမှာ ရုပ်ရှင်နဲ့ တီဗွီတွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ အဝတ်အစားတွေ ပါဝင်မှာဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013