DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် မွေးဖွားသော နိုင်ငံမဲ့မှတ်ပုံတင်ကိုင်သူ ၅ သိန်းခန့်ကို ထိုင်းနိုင်ငံသား ကူးပြောင်းပေးမည်
DVB
·
October 30, 2024
ထိုင်းတွင် မွေးဖွားသော နိုင်ငံမဲ့မှတ်ပုံတင်ကိုင်သူ ၅ သိန်းခန့်ကို ထိုင်းနိုင်ငံသား ကူးပြောင်းပေးမည်
Donate to DVB

ထိုင်းနိုင်ငံထဲမှာ နှစ်ရှည်လများ ဝင်ရောက်နေထိုင်တဲ့ တိုင်းရင်းသားနဲ့ ထိုင်းမှာ မွေးဖွားတဲ့ နိုင်ငံမဲ့ကလေး  ၅ သိန်းနီးပါးခန့်ကို ထိုင်းနိုင်ငံသားအဖြစ် ကူးပြောင်းပေးဖို့  ထိုင်းဝန်ကြီးများ အဖွဲ့က အောက်တိုဘာ ၂၉ ရက် အစည်းအဝေးမှာ သဘောတူခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ ဝင်ရောက်နေထိုင်နေတဲ့ တောင်ပေါ်တိုင်းရင်းသားလူမျိုးစုနဲ့  သူတို့ရဲ့ ရင်သွေးတွေ၊ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ နိုင်ငံမဲ့ကလေးတွေ စုစုပေါင်း ၄၈၃,၀၀၀ ဦးရှိပြီး နိုင်ငံမဲ့ပြဿသနာ၊  ခရီးသွားလာရေးအခက်အခဲနဲ့ နေရာလိပ်စာအတည်တကျရှိပြီး စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ တတပ်တအား ပါဝင်စေဖို့၊ အဘက်ဘက်အတွက် အကျိုးရှိစေဖို့ သူတို့ကို နိုင်ငံသားအဖြစ် ကူးပြောင်းပေးဖို့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက အဆိုပြု တင်ပြထားခဲ့တာလို့ ထိုင်းဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်းကျီရာယု ဟုန်ဆပ်က ပြောပါတယ်။ 

အဆိုပါ တောင်းဆိုချက်ထဲ အကျုံးဝင်သူ အုပ်စု ၄ စုရှိပြီး ပထမအုပ်စုမှာ ၁၉၈၄ မှ ၁၉၉၉ ခုနှစ်တွင်း  ဝင်ရောက်နေထိုင်သူ ၁၂၀,၀၀၀ ဦး၊ ဒုတိယအုပ်စုမှာ ၂၀၀၅ မှ ၂၀၁၁ ခုနှစ်တွင်း ဝင်ရောက်နေထိုင်သူ  ၂၁၅, ၀၀၀ ဦး၊ တတိယအုပ်စုမှာ အဆိုပါလူနည်းစုတိုင်းရင်းသားမှ မွေးဖွားလာသူများ ၂၉,၀၀၀ ဦးနဲ့ စတုထ္ထအုပ်စုမှာ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ နိုင်ငံမဲ့သူများ လက်မှတ်ကိုင်ဆောင်သူ  ၁၁၃ ,၀၀၀ ဦး စုစုပေါင်း ၄၈၃,၀၀၀ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

နိုင်ငံသားကူးပြောင်းပေးရေးကြေညာချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြည်ထဲရေးဌာနမှ တာဝန်ယူပြီး ရက်ပေါင်း ၃၀ မှ ၆၀ ရက်အတွင်း ထုတ်ပြန်ဖို့ဖြစ်ပါတယ်။ 

ဒါ့အပြင် အဆိုပါလူပေါင်း ၅ သိန်းနီးပါးရဲ့ ကိုယ်ရေးရာဇဝင်အသေးစိတ်ကို စိစစ်ဖို့ရာမှာ အချိန်ပေါင်း ၄၄ နှစ် ကြာမြင့်မှာဖြစ်လို့ စစ်ဆေးတဲ့အဆင့်တွေ လျှော့ချဖို့လည်း အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ 

ထိုင်းအိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်အကိုင်ရှားပါးတာ၊ စီးပွားရေးကျပ်တည်းတာ၊ ပြည်တွင်းစစ် ဖြစ်ပွားတာတွေကြောင့် နယ်စပ်နေ တိုင်းရင်းသားတွေဟာ နယ်နိမိတ်ချင်းကပ်နေတဲ့ ထိုင်းနိုင်ငံထဲကို သဘာဝလမ်းကြောင်းကနေ ရွှေ့ပြောင်းဝင်ရောက်နေထိုင်ခဲ့ပါတယ်။ 

တောင်ပေါ်တိုင်းရင်းသားအချို့ဟာ မြို့ကြီးပြကြီးနဲ့ အလှမ်းဝေးတာကြောင့် နိုင်ငံသားမှတ်ပုံတင်မရှိဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်တော့ ထိုင်းအစိုးရက  တောင်ပေါ်သားကတ်နဲ့ အရှေ့က သုညဂဏန်းပါ နိုင်ငံမဲ့မှတ်ပုံတင်တွေ ထုတ်ထားပေးတာပါ၊ အဆိုပါ နိုင်ငံမဲ့ မှတ်ပုံတင်ကိုင်ဆောင်သူတွေဟာ ကန့်သတ်နယ်မြေထဲမှာပဲ နေထိုင်ခွင့်ရှိပါတယ်။ 

ကိုးကား - ThaiPBS / 3Plus News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013