DVB Logo
Home
အားကစား
ဘလွန်းဒီအောဆုပေးပွဲ မတက်ရောက်ခဲ့သည့် ရီးရဲလ်အသင်းကို စပိန်လာလီဂါဥက္ကဋ္ဌ ဝေဖန်
DVB
·
October 30, 2024
ဘလွန်းဒီအောဆုပေးပွဲ မတက်ရောက်ခဲ့သည့် ရီးရဲလ်အသင်းကို စပိန်လာလီဂါဥက္ကဋ္ဌ ဝေဖန်
Donate to DVB

ဘလွန်းဒီအောဆုပေးပွဲ မတက်ရောက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို စပိန်လာလီဂါ ဥက္ကဋ္ဌ တီဘက်စ်က ဝေဖန်လိုက်ပါတယ်။

မက်ဒရစ်ကလပ်ဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို အသင်းတိုက်စစ်မှူး ဗင်နီဆီယက်စ်  ရယူနိုင်ခြင်း မရှိတာကို ကြိုတင်သိရှိခဲ့တာကြောင့် ဆုပေးပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ရီးရဲလ် မက်ဒရစ်အသင်းရဲ့ အရေးကြီးတဲ့တန်ဖိုးတွေက လူကြီးလူကောင်းဆန်ဖို့ဖြစ်ပြီး ရှုံးနိမ့်ချိန်မှာတောင် လက်ဆွဲနှုတ်ဆက်တဲ့ ယဉ်ကျေးမှုရှိဖို့ဖြစ်ကြောင်း၊ မက်ဒရစ်အသင်းမှာ အဲဒီလို တန်ဖိုးပျောက်ဆုံးနေတာ ကြာမြင့်နေပြီဖြစ်ကြောင်း လာလီဂါဥက္ကဋ္ဌ တီဘက်စ်က ပြောပါတယ်။

မက်ဒရစ်အနေနဲ့ ဂျာနယ်လစ် ၁၀၀ ရဲ့ မဲပေးမှုနဲ့ ရွေးချယ်တဲ့စနစ်အပေါ်မှာ မကျေနပ်ရင်လည်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းဆီ ပွင့်ပွင့်လင်းလင်းနဲ့ မေးမြန်းသင့်ကြောင်း လာလီဂါဥက္ကဋ္ဌက ဝေဖန်သွားခဲ့ပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013