DVB Logo
Home
Lead Story
အရေးပေါ် ဆေးကုသမှုခံနေရသည့် NLD ဝန်ကြီးဟောင်း ဦးဝင်းခိုင်ကို လွတ်ငြိမ်းခွင့်ပေး 
DVB
·
October 29, 2024
အရေးပေါ် ဆေးကုသမှုခံနေရသည့် NLD ဝန်ကြီးဟောင်း ဦးဝင်းခိုင်ကို လွတ်ငြိမ်းခွင့်ပေး 
Donate to DVB

မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျနေရတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ကို အရေးပေါ်ဆေးကုသမှုခံယူနေရချိန်မှာ  စစ်ကောင်စီက  လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့  အကျဥ်းဦးစီးနဲ့နီးစပ်တဲ့ သတင်း အရင်းအမြစ်တွေဆီက သိရပါတယ်။

အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးဟောင်း ဦးဝင်းခိုင်မှာ နှလုံးရောဂါအခံရှိပြီး ထောင်တွင်းကျန်းမာရေးဆိုးဝါးလာတာကြောင့် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဥ် အောက်တိုဘာ ၂၈ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာလို့ အကျဥ်းဦးစီးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်က နှလုံးဖောက်လို့ မန္တလေးဆေးရုံတင်ရတယ်။ ဒီနှစ် ရောဂါက အခြေအနေ အတော်ဆိုးတယ်။ အကျဥ်းဦးစီးဘက်က ပြည်ထဲရေးကို တင်ပြ၊ ပြည်ထဲရေးကနေတဆင့် အကြီးပိုင်းတွေဆီ တင်ပြပြီး လွတ်ငြိမ်းပေးလိုက်တာ။”

ဝန်ကြီးဟောင်း ဦးဝင်းခိုင်ဟာ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဆောက်လုပ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး  ၂၀၁၈ ခုနှစ်မှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ကို နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းမှာ အဂတိပုဒ်မ ၅၅၊ ပုဒ်မ ၆၃ နဲ့ အမှုဖွင့်ပြီး ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၉ နှစ် ကျခံနေရတဲ့ မန္တလေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူ နေချိန် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး  နောက်ရက်မှာ သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013