DVB Logo
Home
မြန်မာသတင်း
မြန်မာအလှမယ် သဲစုငြိမ်း၏ ဆုကို Miss Grand International က ပြန်ရုပ်သိမ်း
DVB
·
October 28, 2024
မြန်မာအလှမယ် သဲစုငြိမ်း၏ ဆုကို Miss Grand International က ပြန်ရုပ်သိမ်း
Donate to DVB

လူမှုကွန်ရက်မှာ အပြန်အလှန် ငြင်းခုံမှုတွေနဲ့ လူပြောများနေတဲ့ ၂၀၂၄ ခုနှစ် Miss Grand International ပြိုင်ပွဲ 2nd runner up ဆုရခဲ့တဲ့ Myanmar အလှမယ် သဲစုငြိမ်းရဲ့ ဆုကို ပြန်လည်ရုပ်သိမ်းကြောင်း MGI က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန် ပါတယ်။ 

Miss Grand International ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပြီး အောက်တိုဘာ ၂၅ ရက်က ပြုလုပ်တဲ့ အလှမယ် ရွေးချယ်ဆုချီးမြှင့်ပွဲမှာ မြန်မာအလှမယ်က 2nd runner up တတိယဆုကို ရရှိခဲ့တာပါ။

ဒါပေမဲ့ မသင့်လျော်တဲ့ အပြုအမူတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက် ကျူးလွန်တာကြောင့်လို့ ပြောဆိုကာ MGI က ဆုကို ပြန်ရုပ်သိမ်းခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ဆုပေးပွဲညမှာပဲ မြန်မာအလှမယ်က တတိယဆုသာ ရရှိခဲ့တာကြောင့် နေရှင်နယ် ဒါရိုက်တာဖြစ်သူ ထူးအံ့လွင်ကလည်း သရဖူနဲ့စလွယ်ကို စင်ပေါ်က ဆင်းလာချိန်မှာ ဆွဲချွတ်လိုက်သလို အလှမယ် သဲစုငြိမ်းကလည်း ဝမ်းနည်းစွာ ငိုကြွေးနေခဲ့တာကြောင့် လူပြောများခဲ့ပါတယ်။ 

အဲဒီနောက် Miss Grand International MGI တည်ထောင်သူ ထိုင်းနိုင်ငံသား မစ္စတာ နဝပ်နဲ့ National Director အံ့ထူးလွင်၊ အလှမယ် သဲစုငြိမ်းတို့ အပြန်အလှန် သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ် ပြောဆိုခဲ့ကြပါတယ်။ 

မြန်မာစလွယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ သဲစုငြိမ်းဟာ “ပဋိပက္ခနဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့” ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ MGI စင်မြင့်ပေါ်ကနေ စစ်ဘေးဒဏ် အဆိုးဝါးဆုံး ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စင်မြင့်ပေါ်မှာ ထုတ်ဖော်ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013