DVB Logo
Home
အားကစား
မြန်မာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် Miss Grand Internationalပွဲဖျက်သိမ်း
DVB
·
May 24, 2024
မြန်မာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် Miss Grand Internationalပွဲဖျက်သိမ်း
Donate to DVB

မြန်မာနိုင်ငံမှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့်  Miss Grand International 2024 ပြိုင်ပွဲကို ပြည်တွင်း တိုက်ပွဲတွေကြောင့် ဖျက်သိမ်းလိုက်တယ်လို့ Miss Grand International အဖွဲ့အစည်းက တရားဝင် ထုတ်ပြန်ကြေညာပါတယ်။

လက်တင်အမေရိက၊ ဟွန်ဒူးရပ်အလှမယ် Cecilia Isabel အနေနဲ့ စစ်ပွဲတွေကြားက မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် Miss Grand International 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်သလို နုတ်ထွက်လိုက်ကြောင်းနဲ့ Crown ကိုလည်း ပြန်အပ်လိုက်တာကြောင့် Miss Grand International 2024 ပြိုင်ပွဲကို မြန်မာနိုင်ငံမှာမကျင်းပဖို့ ဆုံးဖြတ်ခံလိုက်ရတာလို့  Miss Grand International (MGI) Myanmar အဖွဲ့အစည်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၅ ရက်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ကျင်းပခဲ့တဲ့ Miss Grand International 2023 ပြိုင်ပွဲကြီးမှာ ၂၀၂၄ ခုနှစ်အတွက် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအနေနဲ့ ကျင်းပသွားမယ်လို့ National Director က ထုတ်ပြန်ခဲ့ပါတယ်။

Miss Grand International 2024 အလှမယ်ပြိုင်ပွဲကြီးကိုတော့ လာမယ့်အောက်တိုဘာလမှာ ကျင်းပမှာဖြစ်ပြီး ဘယ်နိုင်ငံမှာ အိမ်ရှင်အနေနဲ့ ကျင်းပမယ်ဆိုတာကိုတော့ မကြာခင် ထပ်မံကြေညာပေးသွားမယ်လို့လည်း Miss Grand International အဖွဲ့အစည်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

NB Miss Grand

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013