DVB Logo
Home
အားကစား
ဖာဂူဆန်ကို မန်ယူသံတမန်ရာထူးက ထုတ်ပယ်လိုက်သည့်အပေါ် မော်ရင်ညို မှတ်ချက်ပေး
DVB
·
October 24, 2024
ဖာဂူဆန်ကို မန်ယူသံတမန်ရာထူးက ထုတ်ပယ်လိုက်သည့်အပေါ် မော်ရင်ညို မှတ်ချက်ပေး
Donate to DVB

ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကို မန်ယူအသင်းရဲ့ သံတမန်ရာထူးတာဝန်ကနေ အနားပေးလိုက်တဲ့အပေါ် မန်ယူနည်းပြဟောင်း မော်ရင်ညိုက မှတ်ချက်ပေး ပြောသွားပါတယ်။

ဖာဂူဆန်ဟာ မန်ယူအသင်း သံတမန်အနေနဲ့ တနှစ်ကို ပေါင် ၂ သန်းခန့် လုပ်ခ ရရှိနေတာဖြစ်ပြီး အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။

နည်းပြဟောင်း မော်ရင်ညိုကတော့ ဖာဂူဆန်ကို အသင်းသံတမန် အခန်းကဏ္ဍကနေ ထုတ်ပယ်လိုက်တာက အရေးကြီးတဲ့ကိစ္စမဟုတ်ဘဲ ကမ္ဘာတဝန်းက မန်ယူအသင်း ပရိသတ်တွေ အားလုံးရဲ့ လေးစားချစ်ခင်မှု ရှိနေဖို့က  ရာထူးဂုဏ်ဒြပ်တွေ၊ ငွေကြေးတွေထက် ပိုပြီး အရေးကြီးတဲ့ကိစ္စဖြစ်ကြောင်း ပြောပါတယ်။

နည်းပြဖာဂူဆန်နဲ့ ဆက်ဆံရေးကလည်း အထူးကောင်းမွန်ပြီး Netflix က စီစဉ်တဲ့ မှတ်တမ်းရုပ်ရှင် ထွက်ပေါ်လာချိန်မှာ ဖာဂီအပေါ် ဘာကြောင့် လေးစားချစ်ခင်ရသလဲဆိုတာ ပိုမိုသိရှိရလိမ့်မယ်လို့ မော်ရင်ညိုက ပြောသွားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013