DVB Logo
Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာ ခေါင်းဆောင်နေရာ ဆက်ခံသူ ဆာဖီယက်ဒင် သေဆုံးဟု အစ္စရေး အတည်ပြု
DVB
·
October 23, 2024
ဟစ်ဇ်ဘိုလာ ခေါင်းဆောင်နေရာ ဆက်ခံသူ ဆာဖီယက်ဒင် သေဆုံးဟု အစ္စရေး အတည်ပြု
Donate to DVB

အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန် စစ်သွေးကြွအဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်မှုတခုမှာ ကွယ်လွန်သူ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နက်စ်ရဲလာကို ဆက်ခံသူ ဟာရှမ် ဆာဖီယက်ဒင်ကို သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးက အောက်တိုဘာ ၂၂ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးမှာ လွန်ခဲ့တဲ့ ၃ ပတ်က တိုက်ခိုက်မှုတခုအတွင်း ဆာဖီယက်ဒင် သေဆုံးခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့ပြီး ဒါဟာ သူ့သေဆုံးမှုရဲ့ ပထမဆုံး အတည်ပြုချက်လည်း ဖြစ်ပါတယ်။

အခုလ အစောပိုင်းတုန်းက အစ္စရေးဟာ ဆာဖီယက်ဒင်ကို ချေမှုန်းပြီးကြောင်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောခဲ့တာပါ။

ဆာဖီယက်ဒင်ကို သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးရဲ့ ထုတ်ပြန်ချက်အပေါ် ဟစ်ဇ်ဘိုလာအဖွဲ့က ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။

နက်စ်ရဲလာရဲ့ ဆွေမျိုးတယောက်လည်းဖြစ်တဲ့ ဆာဖီယက်ဒင်ကို ဟစ်ဇ်ဘိုလာရဲ့ စစ်ဘက် စစ်ဆင်ရေးတွေအတွက် တာဝန်ရှိတဲ့ ဂျီဟတ်ကောင်စီနဲ့ သူ့ရဲ့အမှုဆောင်ကောင်စီမှာ ခန့်အပ်ခဲ့ပြီး ဟစ်ဇ်ဘိုလာရဲ့ ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲရေးကိစ္စတွေကို ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။

ဆာဖီယက်ဒင်ဟာ အစ္စရေးနဲ့ ရန်မက်ဖြစ်ပွားခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဟစ်ဇ်ဘိုလာအတွက် ထင်ရှားတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး လုံခြုံရေး အကြောင်းပြချက်ကြောင့် နက်စ်ရဲလာ မတက်ရောက်နိုင်ခဲ့တဲ့ အသုဘအခမ်းအနားတွေနဲ့ တခြားအခမ်းအနားတွေကို တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဆာဖီယက်ဒင်ကို အကြမ်းဖက်သမားအဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ဇွန်လတုန်းက တခြား ဟစ်ဇ်ဘိုလာတပ်မှူးတယောက် သတ်ဖြတ်ခံရပြီးနောက်မှာ အစ္စရေးနိုင်ငံအပေါ် ကြီးကြီးမားမား ခြိမ်းခြောက်မှုတခု ပြုလုပ်ခဲ့ပါတယ်။

ဆာဖီယက်ဒင် သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အစ္စရေးရဲ့ အတည်ပြုချက် ထွက်ပေါ်လာခဲ့တဲ့ အင်္ဂါနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဟားမတ်စ် ခေါင်းဆောင် ယာယာဆင်ဝါကို သတ်ဖြတ်လိုက်ခြင်းကို အရင်းပြုပြီး အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုရဲ့ ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်စေရေးကို အမြတ်ထွက်အောင် လုပ်ဆောင်ဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖိအားပေးခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013