DVB Logo
Home
အားကစား
ဘာစီလိုနာနှင့် တီကိုတို့၏ လာလီဂါပွဲစဉ်ကို အမေရိကန်၌ ပထမဆုံးအကြိမ် ကျင်းပမည်
DVB
·
October 23, 2024
ဘာစီလိုနာနှင့် တီကိုတို့၏ လာလီဂါပွဲစဉ်ကို အမေရိကန်၌ ပထမဆုံးအကြိမ် ကျင်းပမည်
Donate to DVB

ဘာစီလိုနာနဲ့ အက်သလက်တီကို အသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်ကို  အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် လက်ခံကျင်းပသွားဖို့ စီစဉ်နေပါတယ်။

အဲဒီပွဲစဉ်ကို အခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှာ  နူးကမ့်မှာ ကျင်းပနိုင်ဖို့ စီစဉ်ထားပေမဲ့ အမေရိကန်နိုင်ငံ မီယာမီမှာ ပြောင်းရွှေ့ကျင်းပဖို့ ဖြစ်လာခဲ့တာပါ။ 

နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေလုပ်ဆောင်နေပြီး အမှန်တကယ်ကျင်းပဖြစ်မယ်ဆိုရင် စပိန်ဘောလုံးလိဂ်သမိုင်းတလျှောက် ပထမဦးဆုံးအဖြစ် လိဂ်ပွဲစဉ်တပွဲကို နိုင်ငံပြင်ပမှာ လက်ခံ ကျင်းပတဲ့ပွဲစဉ်အဖြစ် မှတ်မ်းတင်နိုင်မှာပါ။

ဘာစီလိုနာအသင်းဟာ အခုနှစ်နွေရာသီကြိုလေကျင့်ရေး ခရီးစဉ်တုန်းက ရီးရဲလ်မက်ဒရစ်နဲ့  အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ ခြေစမ်းခဲ့ပြီး ပရိသတ် ၈၂၅၀၀ လာရောက်ကြည့်ရူခဲ့ ကြပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013