DVB Logo
Home
အားကစား
အင်္ဂလန်အသင်းတွင် ပါဝင်ခွင့်ရရန် နည်းပြသစ်တူဟယ်နှင့်  ဂရင်းဝုဒ် ဆွေးနွေးလို  
DVB
·
October 21, 2024
အင်္ဂလန်အသင်းတွင် ပါဝင်ခွင့်ရရန် နည်းပြသစ်တူဟယ်နှင့်  ဂရင်းဝုဒ် ဆွေးနွေးလို  
Donate to DVB

မာဆေးလ် တိုက်စစ်ကစားသမား မေဆန်ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ အတွက် နည်းပြသစ်တူဟယ်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဂရင်းဝုဒ်ဟာ မာဆေးလ်မှာ ခြေစွမ်းပြနေပြီး မနေ့ညက ကစားခဲ့တဲ့ မွန့်ပယ်လီယာနဲ့ ပွဲစဉ်မှာလည်း တဂိုးထပ်သွင်းခဲ့တာကြောင့် စုစုပေါင်း ၈ ပွဲကစားအပြီးမှာ ၆ ဂိုးသွင်းယူထားပါတယ်။

ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းမှာ ပြန်လည်ကစားခွင့်ရဖို့ အခွင့်အရေးအလွန်နည်းသွားပြီဆိုတာ သိရှိထားသည့်တိုင် နည်းပြတူဟယ်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားဖို့ ဆန္ဒရှိနေတာပါ။

ဂရင်းဝုဒ်ဟာ အတူနေချစ်သူကို အတင်းအဓမ္မကျင့်မှု၊ နိုင်ထက်စီးနင်း ရိုက်နှက်မှုတွေကြောင့် အင်္ဂလန်မှာ အမှုဖွင့်ခံခဲ့ရပြီးနောက်ပိုင်းမှာ အမှုကနေ လွတ်မြောက်လာခဲ့သူပါ။

သူဟာ အနာဂတ်မှာ ကမ္ဘာ့ဖလားလို အဓိကပြိုင်ပွဲကြီးတွေမှာ ပါဝင်ကစားနိုင်ဖို့ ဆန္ဒရှိနေတာကြောင့် အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရနိုင်ဦးမလားဆိုတာ နည်းပြတူဟယ်နဲ့ ဆွေးနွေးသွားချင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013