DVB Logo
Home
မြန်မာသတင်း
မြဝတီတောင်ဘက် ကာကင်းစခန်း ၃ ခုက စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့်ခွာထွက်ပြေး
DVB
·
October 20, 2024
မြဝတီတောင်ဘက် ကာကင်းစခန်း ၃ ခုက စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့်ခွာထွက်ပြေး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဘလယ်ဒိုကျေးရွာမှာ တပ်စွဲထားတဲ့ သေ့ဘောဘိုးစခန်းရဲ့ ကာကင်းစခန်း ၃ ခုက စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းလောက်က စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက  ပြောပါတယ်။

လေးကေ့ကော်မြို့သစ်အနီးက စွယ်တော်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်   သေ့ဘောဘိုးစခန်းရဲ့ ကာကင်းစခန်း ၃ ခုက အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ KNLA ပူးပေါင်းစစ်ကြောင်းတွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှာကို စိုးရိမ်ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “မဆုတ်ရင်တိုက်မယ်လို့ မ​နေ့က အ​ကြောင်းကြားလိုက်တယ်။ ​​ဒီနေ့ဆုတ်သွားတယ် ဒီ​လောက်ပါပဲ” လို့ ပြောပါတယ်။

လက်ရှိမှာ စခန်း ၂ ခုလုံးကို KNLA ပူးပေါင်းစစ်ကြောင်းတွေက သိမ်းပိုက်ရရှိထားတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်မှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းတွေက ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ Y-21 နဲ့ ဗုံးကြဲ ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ မနက်အစောပိုင်းကလည်း မြဝတီမြို့တောင်ဘက်၊ စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်းကို လူ၊ လက်နက်ခဲယမ်း ဖြည့်တင်းမရအောင် ၇ လအကြာ ဝိုင်းဝန်း ပိတ်ဆို့ထားခဲ့ပြီးနောက် KNLA ကော်ဘရာစစ်ကြောင်း ၁၊ ကော်ဘရာစစ်ကြောင်း ၂ VENOM ပူးပေါင်းစစ်ကြောင်းတို့က အပြီးသတ် ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013