DVB Logo
Home
မြန်မာသတင်း
မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှု NUG ကန့်ကွက်ရှုတ်ချ
DVB
·
October 20, 2024
မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှု NUG ကန့်ကွက်ရှုတ်ချ
Donate to DVB

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဆောက်အအုံကို တိုက်ခိုက်တဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ အောက်တိုဘာ ၁၈ ရက်ရက် ညနေ ၄ နာရီခွဲလောက်က  ပေါက်ကွဲမှုဖြစ်ပြီး  ရုံးအဆောက်အအုံ  အနည်းငယ်ထိခိုက် ပျက်စီးသွားပေမဲ့ လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။

ဒီလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပျက်ပြားစေမယ့် အကြမ်းဖက်လုပ်ရပ်တွေ၊ အကာအကွယ်ပေးရမယ့် သံတမန်ဆိုင်ရာအဆောက်အအုံအား တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုံ့ချတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်လိုက်တာပါ။

ဒီဖြစ်ရပ်‌ကြောင့် လူမျိုးရေး အမုန်းတရားပဋိပက္ခ ဖြစ်ပွားမှာကိုလည်း အထူးပင် စိုးရိမ်မိမယ်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမယ့် ဘယ်လုပ်ရပ်မျိုးကိုမဆို အစဥ်တစိုက် ဆန့်ကျင်သွားမယ်၊ အကြမ်းဖက်စစ်အုပ်စုဟာ အမျိုးသားရေးလှုပ်ရှားမှု အမည်ခံပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ၊ ဆန့်ကျင်လှုပ်ရှားမှုတွေ ဆောင်ရွက်နေသကဲ့သို့ တချိန် တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့တဲ့ လက်သည်တရားခံဖြစ်တယ်လို့လည်း NUG ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရေး၊ ကောင်းမွန်သော ဆက်ဆံရေး၊ ပြည်သူ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဥ်တစိုက် ဦးတည်သွားမှာဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့် ကိစ္စရပ်တွေ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမယ့် ကိစ္စရပ်တွေ၊ ဆောင်ရွက်ချက်တွေကို ကန့်ကွက် ရှုတ်ချကြောင်းလည်း ထုတ်ပြန်ကြေညာထားပါတယ်။

တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲမှုကြောင့် နှစ်ထပ်ဆောင်ရဲ့ ခေါင်မိုးရေတံလျှောက်အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေလောက် ပျက်စီးသွားခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တရုတ်သံရုံးကတော့ တစုံတရာထုတ်ပြန်တာ မတွေ့ရသေးသလို ဘယ်အဖွဲ့ကမှလည်း သူတို့ လက်ချက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။ 

စစ်ကောင်စီကတော့ ဒီပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စိစစ်နေပြီး ကျူးလွန်သူကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013