DVB Logo
Home
နိုင်ငံတကာ
ကနေဒါ အချုပ်အခြာအာဏာကို အိန္ဒိယ စွက်ဖက်ဟု ဝန်ကြီးချုပ် ထရူးဒိုး စွပ်စွဲ
DVB
·
October 17, 2024
ကနေဒါ အချုပ်အခြာအာဏာကို အိန္ဒိယ စွက်ဖက်ဟု ဝန်ကြီးချုပ် ထရူးဒိုး စွပ်စွဲ
Donate to DVB

အိန္ဒိယဟာ ကနေဒါရဲ့ အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် စွက်ဖက်ခြင်းအားဖြင့် ကြောက်စရာ အမှားတခု လုပ်ခဲ့တယ်လို့  ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက  အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။

ကနေဒါနိုင်ငံထဲက ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တယောက်ကို သတ်ဖြတ်မှု၊  ကနေဒါနိုင်ငံထဲက အိန္ဒိယအတိုက်အခံတွေကို ပစ်မှတ်ထားဖို့ ပိုကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှုတွေနဲ့ အိန္ဒိယ သံတမန် ၆ ယောက်ကို နှင်ထုတ်အပြီး  ၂ ရက်အကြာမှာ ထရူးဒိုးက ခုလို မှတ်ချက်ပေးခဲ့တာပါ။

ကနေဒါခေါင်းဆောင်ရဲ့ မှတ်ချက်တွေဟာ ကနေဒါနဲ့ အိန္ဒိယ ၂ နိုင်ငံဆက်ဆံရေးကို အနိမ့်ဆုံး အဆင့်ဆီ ကျဆင်းသွားစေတဲ့ နှစ်ရှည်အငြင်းပွားမှုအပေါ် သူပြောသမျှ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

ကနေဒါနိုင်ငံရေးမှာ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးမှု တရပ် ဆောင်ရွက်အပြီး “ကနေဒါရဲ့ ဘေးကင်းမှုနဲ့ အချုပ်အခြာအာဏာမှာ သူတို့လုပ်ခဲ့သလိုပဲ အိန္ဒိယအစိုးရက ပြင်းပြင်းထန်ထန် စွက်ဖက်နိုင်တယ်လို့ တွေးထားတဲ့အတွက် အိန္ဒိယအစိုးရဟာ ကြောက်စရာကောင်းတဲ့ အမှားတခု လုပ်ခဲ့ပါတယ်” လို့ ထရူးဒိုးက ပြောပါတယ်။

ကနေဒါနိုင်ငံသားတွေ လုံခြုံရေး သေချာစေဖို့ ကနေဒါအစိုးရအနေနဲ့ နောက်ထပ် ခြေလှမ်းတွေ လှမ်းနိုင်မယ်လို့ ထရူးဒိုးက ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကို ပြောဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။

စွက်ဖက်မှုစွပ်စွဲချက်တွေကို အိန္ဒိယအစိုးရက ငြင်းဆိုထားပြီး လက်တုံ့ပြန်တဲ့အနေနဲ့ ကနေဒါသံတမန် ၆ ယောက်ကိုလည်း ပြန်လည် နှင်ထုတ်လိုက်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013