DVB Logo
Home
နိုင်ငံတကာ
တရုတ်တွင် ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်ကို သံဃာနှင့် ပညာရှင် ၁,၀၀၀ ကျော် တက်ရောက်
DVB
·
October 17, 2024
တရုတ်တွင် ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်ကို သံဃာနှင့် ပညာရှင် ၁,၀၀၀ ကျော် တက်ရောက်
Donate to DVB

ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်ကို အောက်တိုဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ တရုတ်နိုင်ငံ ဇီဂျင်းဒေသ၊ နင်ဘိုမှာရှိတဲ့ ဆူဒိုတောင်မှာ ကျင်းပနေပါတယ်။

ဒီနှစ်ဖိုရမ်ရဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လက်ဆင့်ကမ်းမယ်ဆိုတဲ့ ခေါင်းစဉ်ကို အဓိကဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီဖိုရမ်မှာ တရုတ်ဗုဒ္ဓဘာသာအဖွဲ့ ဒုတိယဥက္ကဋ္ဌ မင်ဟိုင်က နိုင်ငံတကာအရေးတွေကို အဓိကထားပြီး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကမ္ဘာတဝန်း စိန်ခေါ်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားနေတာက နိုင်ငံတနိုင်ငံတည်း၊ ဒေသတခုတည်း ဖြေရှင်းလို့မရကြောင်းနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ပူးပေါင်းအဖြေရှာဖို့ လိုအပ်ကြောင်း မင်ဟိုင်က ဆိုပါတယ်။

ဒီဖိုရမ်မှာ အေးချမ်းတဲ့ စိတ်မျှဝေခြင်း၊ လူအချင်းချင်း သဟဇာတဖြစ်ခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူသားတွေရဲ့ အကျိုးစီးပွားတိုးတက်ရေးတို့ကို အဓိက ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ ဖိုရမ်မှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယဉ်ကျေးမှုအတွက် စာအုပ်ပြပွဲလည်း ပြသခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ အတွင်း ထွက်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စာအုပ်ထောင်ပေါင်းများစွာကို ရွေးချယ်ခဲ့ပြီး ပြသထားပြီး ဒီစာအုပ်တွေထဲမှာ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ မကာအိုတို့မှာရှိတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေပါဝင်ပါတယ်။

ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်ကို ၂၀၀၆ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ညီမျှမှု၊ ကွဲပြားမှု၊ ကမ္ဘာကို ချစ်မြတ်နိုးမှု စတဲ့အချက်တွေကို ပွင့်လင်းစွာ ဆွေးနွေးတဲ့ပွဲ ဖြစ်ပါတယ်။

ဒီဖိုရမ်မှာ ဗုဒ္ဓဝါဒကို ထောက်ခံအားပေးပြီး မေတ္တာတရား တိုးပွားစေခြင်းလည်း လုပ်ဆောင်ပါတယ်။

ဒီဖိုရမ်ကို နိုင်ငံပေါင်း ၃၇ နိုင်ငံရှိ သံဃာတွေနဲ့ ကျွမ်းကျင်ပညာရှင် ၁,၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013