DVB Logo
Home
အားကစား
ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်နှင့် သံတမန်စာချုပ်ဖျက်သိမ်းသည့် မန်ယူအသင်းကို ပရိသတ်များ ဝေဖန်
DVB
·
October 16, 2024
ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်နှင့် သံတမန်စာချုပ်ဖျက်သိမ်းသည့် မန်ယူအသင်းကို ပရိသတ်များ ဝေဖန်
Donate to DVB

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့ သံတမန်စာချုပ်ဖျက်သိမ်းလိုက်တဲ့ မန်ယူအသင်းကို ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

နည်းပြကြီးဖာဂူဆန်ဟာ ၂၀၁၃ ခုနှစ်ကတည်းက အသင်းနဲ့ လမ်းခွဲခဲ့ပေမဲ့ သံတမန်တယောက် အဖြစ် အသင်းရဲ့ ပွဲစဉ်တိုင်းကို လာရောက်ကြည့်ရှုကာ အကြံပေးလေ့ရှိပြီး တနှစ်ကို ပေါင် ၂ သန်းထက်မနည်းတဲ့ လုပ်ခလစာ ရရှိနေတာပါ။

မန်ယူအသင်းဟာ ဖာဂူဆန်ကို အခုနှစ်ရာသီကုန်အထိ သံတမန်တယောက်အဖြစ် ဆက်လက် တာဝန်ပေးပြီး လုပ်ခပေးချေသွားမှာဖြစ်ပေမဲ့ လာမယ့်ရာသီက စတင်ပြီး စာချုပ်ဖျက်သိမ်းလိုက်တော့မှာပါ။

အံ့အားသင့်စရာ ဆုံးဖြတ်ချက်ဖြစ်ပြီး ဂန္ထဝင်နည်းပြတယောက်တောင် အသင်းရဲ့ ဘတ်ဂျက်ဖြတ်တောက်မှုမှာ ကျန်ရစ်ခဲ့ခြင်းမရှိကြောင်း၊ ပွဲလာကြည့်တဲ့ ဖာဂီကို ကိုယ်သောက်မယ့် လက်ဖက်ရည် ကိုယ်တိုင်ယူလာဖို့အထိတောင် မန်ယူအသင်းက တောင်းဆိုတော့မှာ ဖြစ်ကြောင်း မန်ယူပရိသတ်တယောက်က ဝေဖန်ပါတယ်။

နောက်ထပ် မန်ယူပရိသတ်တယောက်ကတော့ နည်းပြအဲရစ်တန်ဟတ်ဂ်ကို ထုတ်ပယ်ရမဲ့အစား ဂန္ထဝင်နည်းပြ ဖာဂူဆန်ကို ထုတ်ပယ်လိုက်တာဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013