DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးတွင် နှစ် ၂၃၇ သန်းက ဒိုင်နိုဆော တွားသွားသတ္တဝါရုပ်ကြွင်း တွေ့ရှိ
DVB
·
October 15, 2024
ဘရာဇီးတွင် နှစ် ၂၃၇ သန်းက ဒိုင်နိုဆော တွားသွားသတ္တဝါရုပ်ကြွင်း တွေ့ရှိ
Donate to DVB

ဘရာဇီးနိုင်ငံမှာ ကမ္ဘာ့ရှေးအကျဆုံး ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲက တခုလို့ဆိုနိုင်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၇ သန်းက တွားသွားသတ္တဝါတကောင်ရဲ့ ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အခုတွေ့ရှိမှုဟာ ဒိုင်နိုဆော တခေတ်ကောင်းခဲ့မှုကို ရှင်းပြနိုင်ဖို့ပါ ကူညီပေးနိုင်လိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်ထားပါတယ်။

Gondwanax paraisensis လို့ အမည်ပေးထားတဲ့ အမြီးရှည်ရှည်နဲ့ ခြေ ၄ ချောင်း တွားသွားသတ္တဝါဟာ ခွေးကလေးတကောင်အရွယ် ရှိပါတယ်။

အရှည် ၁ မီတာလောက်ရှိတဲ့ ဒီအကောင်ဟာ ၃ ကနေ ၆ ကီလိုဂရမ်လောက် လေးလံနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီတွားသွားသတ္တဝါငယ်ဟာ ကမ္ဘာကြီး အခုထက် အများကြီးပူပြင်းတဲ့ ခေတ်တုန်းက ဒီကနေ့ခေတ် ဘရာဇီးတောင်ပိုင်းမှာ ကျင်လည်ခဲ့တယ်လို့ ယူဆရပါတယ်။

ဒီရုပ်ကြွင်းဟာ မျိုးသုဉ်းသွားပြီဖြစ်တဲ့ တွားသွားသတ္တဝါမျိုးဖြစ်တဲ့ ဆိုင်းစ်ဆောရစ် အနွယ်လို့ သတ်မှတ်ကြပါတယ်။

ဒါပေမဲ့ ဆိုင်းစ်ဆောရစ်ဟာ တချိန်က ကမ္ဘာကို လွှမ်းမိုးခဲ့တဲ့  ဒိုင်နိုဆောမျိုးနွယ် စစ်စစ်လား၊ ဒိုင်နိုဆောအကြို မျိုးနွယ်လား ဆိုတာကိုတော့ ရုပ်ကြွင်းသုတေသနပညာရှင်တွေက အငြင်းပွားနေဆဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၂ သန်းနဲ့ ၂၀၁ သန်းကြား တွားသွားသတ္တဝါကြီးစိုးတဲ့ခေတ်လို့ သတ်မှတ်ကြတဲ့ ထရိုင်ယားဆစ်ခေတ်က ကျောက်လွှာတခု တူးဖော်တွေ့ရှိခဲ့ရာကနေ ဒီရုပ်ကြွင်းကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

၂၀၁၄ မှာ ဒီရုပ်ကြွင်းကို ဘရာဇီးတောင်ဘက်စွန်းပြည်နယ်က မြို့လေးတမြို့မှာ ရူပဗေဒပညာရှင် ပေဒရို လူးကပ်စ် ပေါ်ဆယ်လာ အော်ရယ်လီယို ဆိုသူက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ မှာ ဒေသတက္ကသိုလ်တခုကို လှူဒါန်းခဲ့ပြီး ၃ နှစ်ကြာ သုတေသန လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအခါမှ တွေ့ရှိမှု အသေးစိတ်ကို ထုတ်ပြန်တာဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013